ရိုးမားမှ အန်တိုနီယို ရူဒီဂါကို ခေါ်ယူလိုက်ကြောင်း ချယ်လ်ဆီး ကြေညာ

ရိုးမားမှ အန်တိုနီယို ရူဒီဂါကို ခေါ်ယူလိုက်ကြောင်း ချယ်လ်ဆီး ကြေညာ
(ဓာတ်ပုံ - ချယ်လ်ဆီး)

ချယ်လ်ဆီးအသင်းဟာ ရိုးမားအသင်းမှာ နှစ်ရာသီကစားခဲ့တဲ့ နောက်ခံလူ အန်တိုနီယို ရူဒီဂါကို လက်မှတ်ထိုးခေါ်ယူစာချုပ်ခဲ့ကြောင်း တနင်္ဂနွေနေ့က ကြေညာခဲ့ပါတယ်။

ကျောနံပါတ် (၂)ကို ဝတ်ဆင်သွားမယ့် အသက် ၂၄ နှစ်အရွယ် ဂျာမန်ကစားသမားဟာ (၅)နှစ် စာချုပ်,ချုပ်ဆိုခဲ့ပါတယ်။

ပြောင်းရွှေ့ကြေးကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့် အချို့မီဒီယာများကတော့ ချယ်လ်ဆီးအနေနဲ့ ယူရိုသန်း ၃၀ ကုန်ကျခဲ့တယ်လို့ ခန်မှန်းကြပါတယ်။

ရူဒီဂါဟာ ၂၀၁၂ ခုနှစ်မှာ စတုဂတ်အသင်းရဲ့ ပထမအသင်းကြီးမှာ (၁၈)ပွဲ ပွဲဦးထွက်ကစားခဲ့ပြီး ဂျာမနီလက်ရွေးစင်အသင်းနဲ့လည်း ပွဲဦးထွက် ကစားခဲ့ပြီးတဲ့နောက် ၂၀၁၅ မှာ ရိုးမားအသင်းဆီ  မပြောင်းရွှေ့ခင် အသင်းရဲ့ အဓိက ပွဲဦးထွက်ကစားသမား တစ်ဦးဖြစ်လာပါတယ်။

အဆိုပါနောက်ခံလူဟာ ဒဏ်ရာကြောင့် ယူရို ၂၀၁၆ ပြိုင်ပွဲကို လွှဲချော်ခဲပေမယ့် ၂၀၁၇ ဖီဖာကွန်ဖက်ဒရေးရှင်းပြိုင်ပွဲမှာ အသင်းအတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ကစားခဲ့ပြီး ဇူလိုင် ၂ ရက်နေ့က ဂျာမနီက ချီလီကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ကာ ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ၂၀၁၇-၁၈ ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို ကာကွယ်ရမှာဖြစ်ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags