မက်ဆီကို အခွန်ရှောင်လွှဲမှုကြောင့် ဆိုင်းငံ့ထောင်ဒဏ်အစား ဒဏ်ငွေ ပေါင် (၂၂၁၀၀၀) ပေးဆောင်ရန် တရားရုံးက ဆုံးဖြတ်

မက်ဆီကို အခွန်ရှောင်လွှဲမှုကြောင့် ဆိုင်းငံ့ထောင်ဒဏ်အစား ဒဏ်ငွေ ပေါင် (၂၂၁၀၀၀) ပေးဆောင်ရန် တရားရုံးက ဆုံးဖြတ်
(ဓာတ်ပုံ - အီးပီအေ)

ဘာစီလိုနာ ကြယ်ပွင့် တိုက်စစ်မှူး မက်ဆီကို အခွန်ရှောင်လွှဲမှုကြောင့် ချမှတ်ခံရတဲ့ ဆိုင်းငံ့ထောင်ဒဏ် (၂၁)လအစား ဒဏ်ငွေ ပေါင် (၂၂၁၀၀၀) ပေးဆောင်ရန် စပိန်တရားရုံးက သောကြာနေ့က ဆုံးဖြတ်ခဲ့ကြောင်း တရားရုံးစာရွက်စာတမ်းများက ဖော်ပြခဲ့ပါတယ်၊

ထောင်ဒဏ် (၁၅)လ ချမှတ်ခံရတဲ့ မက်ဆီရဲ့ ဖခင်မှာလည်း ဒဏ်ငွေအဖြစ် ယူရို ၁၈၀,၀၀၀ (ဒေါ်လာ ၂၀၅,၀၂၉) ပေးဆောင်ရန် ဘာစီလိုနာတရားရုံးက ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

မက်ဆီနှင့်ဖခင်ဖြစ်သူတို့ဟာ ၂၀၀၇ မှ ၂၀၀၉ ခုနှစ်အတွင်း ယူရို ၄ ဒသမ ၁ သန်း (ပေါင် ၃ ဒသမ ၅) သန်းအခွန်တိမ်းရှောင်မှုဖြင့် စပိန်တရားရုံးက ထောင်ဒဏ် (၂၁)လ ပြစ်ဒဏ်ချမှတ်ခံရတာဖြစ်ပါတယ်။

ဒါပေမယ့် စပိန်ဥပဒေအရ နှစ်နှစ် အောက်နည်းတဲ့ ပြစ်ဒဏ်ဖြစ်နေတဲ့အပြင် မက်ဆီနှင့် ဖခင် ဂျော့တို့မှာ ပြစ်ဒဏ်ကျူးလွန်ဖူးသူများ မဟုတ်တာကြောင့် ထောင်ထဲမှာ နေထိုင်ရမည်မဟုတ်ဘဲ ပြင်ပတွင်သာ ထိန်းထိန်းသိမ်းသိမ်းနေနိုင်ကြတာဖြစ်ပါတယ်။

ဘောလုံးသမားနှင့် ဖခင်ဖြစ်သူတို့မှာ အခွန်တိမ်းရှောင်မှု စွဲချက်သုံးခုဖြင့် ဘာစီလိုနာတရားရုံးမှာ ပြစ်ဒဏ်ချမှတ်ခံခဲ့တာလည်းဖြစ်ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required