ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်တွေ့ဆုံပြီး နှစ်နိုင်ငံ တပ်မတော်များကြား ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်တွေ့ဆုံပြီး နှစ်နိုင်ငံ တပ်မတော်များကြား ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

ရန်ကုန် (မဇ္ဈိမ) ။ ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှုးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်   Mr.  Derek  James Mitchell တို့ သြဂုတ် ၅ ရက်တွင်  နေပြည်တော်၌ တွေ့ဆုံကြပြီ း နှစ်နိုင်ငံ တပ်မတော်များကြား ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု တပ်မတော် ဘက်က သတင်းထုတ်ပြန်သည်။  

ယင်းအပြင် မြန်မာနိုင်ငံနှင့် တပ်မတော်၏ အခန်းကဏ္ဍ၊  လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဆိုင်ရာများ၊ တိုင်းရင်းသားရေးရာ ကိစ္စရပ်များ၊ ဓာတုလက်နက် ချုပ် ငြိမ်းရေးကိစူ္စရပ်များ၊ ကလေးစစ်သားလျော့နည်း ပပျောက်ရေးကိစ္စရပ်များနှင့် လက်ရှိရေလွှမ်းမိုးမှုတွင် တပ်မတော်မှ ကူညီဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးခဲ့ကြသည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှုးကြီး စိုးဝင်း နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် နိုင်ငံသံအမတ်ကြီး နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်စစ်သံမှူး Colonel James McAden နှင့် တာဝန်ရှိသူများလည်း တက်ရောက်ကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly