ကျွန်တော် ထမင်းစားလက်မှတ် ရသွားတာပေါ့ (မိုးသောက်)

ကျွန်တော် ထမင်းစားလက်မှတ် ရသွားတာပေါ့ (မိုးသောက်)

လတ်တလောမှာ သီချင်းချစ် ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုကို ရရှိနေတဲ့သူ အိမ်မက်ဆုံရာ ရာသက်ပန်ရဲ့ နောက်ဆုံး Season ရဲ့ Winner ဖြစ်ခဲ့တဲ့သူ သူကတော့ မိုးသောက်ပါ။ သာမန် ပန်ထိမ်သမားတစ်ယောက် ဘဝကနေပြီးတော့ ပြောင်းလဲလာတဲ့ သူ့ရဲ့ ရပ်တည်ချက်တွေအပေါ် သူရင်ဆိုင်နေရတဲ့ အခက်အခဲတွေက ဘာတွေများဖြစ်မလဲ ကျွန်မကတော့ ဝေဝေပါ။ အခုဆိုလို့ရှိရင် မိုးသောက်နဲ့ တွေ့ဆုံဖို့အတွက် သူရှိမယ့်နေရာကို ရောက်ရှိနေပါတယ်။ ကျွန်မရဲ့လက်ထဲမှာတော့ YOPE မေးခွန်း ၅ ခုနဲ့အတူ YOPE Red Chair ရှိနေပါတယ်။

ကိုမိုးသောက် မင်္ဂလာပါ။

မင်္ဂလာပါခင်ဗျ။

ဟုတ်ကဲ့ ညီမတို့ YOPE ကနေ မေးခွန်း ၅ ခု မေးသွားမှာပေါ့နော်။ ဒါကတော့ နံပါတ်တစ် မေးခွန်းပါ။ ရုတ်တရက်ပေါ့ အကို သာမန်လူငယ်တစ်ယောက်ကနေပြီးတော့ နာမည်ကျော် ပရိသတ်သိတဲ့ အသိအမှတ်ပြုတဲ့ အဆိုရှင်တစ်ယောက် ဖြစ်လာတဲ့အခါမှာ အကို့ရဲ့ နေထိုင်မှုပုံစံတွေက ပြောင်းလဲသွားမှာပေ့ါနော်။ အဲဒီ ပြောင်းလဲသွားတဲ့အပေါ်မှာ အကို တွေ့ကြုံနေရတဲ့ အခက်အခဲတွေများ ရှိမယ်ဆိုရင် အဲဒါတွေက ဘာတွေများ ဖြစ်မလဲ။

အခက်အခဲတွေက ဘာတွေရှိလဲဆိုတော့ အရင်တုန်းက လွတ်လပ်နေတဲ့ စိတ်ကို ထိန်းချုပ်ရတာလည်းရှိတယ်။ တစ်ခါတစ်လေကျရင် ဇွတ်ကနဲ့ လုပ်တတ်တဲ့ စိတ်ကလေး ရှိတယ်။ အဲဒါလေးကို ထိန်းရတယ်။ စိတ်ကို အလိုမလိုက်ဘဲနေဖို့ အထွေအထူး အခက်အခဲတော့ မရှိပါဘူး။ အဲဒါပါပဲ။

ဒါကတော့ YOPE ရဲ့ ဒုတိယမေးခွန်းလေးပါ။ မိသားစု မေးခွန်းလေးပေါ့။ အကိုက အဖေချစ်သားလား။

အမှန်တိုင်းပြောရရင် အမေ့ကိုလည်း ချစ်တာပေါ့။ ကိုယ့်ကို မွေးထားထဲ့ ကျေးဇူးရှင် မွေးမိခင်လေ။ ဖေဖေကတော့ အမြဲတမ်း ရင်အုပ်မကွာ စောင့်ရှောက်တယ်။ ဖေဖေက အမြဲတမ်း အနောက်မှာလည်း ပါတယ်။ မေမေကျတော့လည်း လူကိုယ်တိုင် လိုက်မလာနိုင်ပေမယ့် ဖုန်းထဲမှာပဲဖြစ်ဖြစ် မေမေရဲ့ပုံက အမြဲတမ်းပါတယ်။ အမြဲတမ်း ရင်ထဲမှာရှိတယ်။ စကားအပြောအဆို အသုံးအနှုန်းတွေကတော့ အဖေနဲ့ပဲ ထိတွေ့နေရတာဆိုတော့ အဖေက များနေတာပေါ့နော်။ အမှန်တော့ မိဘနှစ်ယောက်စလုံးကို တန်းတူပဲ ချစ်တာပါ။

ဒါကတော့ နံပါတ်သုံး မေးခွန်းပေါ့။ အကို့အတွက် အံ့သြစရာများ ဖြစ်သွားမလားမသိဘူး။ ရုတ်တရက် ကိုမိုးသောက် ခံစားနေရတဲ့ ခံစားချက် အခုလတ်တလော ခံစားနေရတဲ့ ခံစားချက်ကို သီချင်းတစ်ပုဒ်လောက်နဲ့ ဆိုပြပါဆိုရင် အကို ဘာသီချင်း ဆိုပြမလဲ။

"နင့်နှလုံးသား ဘယ်လောက်များ ဆံ့လို့လဲ ရေး......ရေ့။ တစ်ယောက်မက ထပ်ပြီးချစ်နိုင်တယ် အပြစ်မတွေ့ခဲ့ပါ၊ ငါနားလည်ပေးခဲ့ ဒဏ်ရာတွေဟာ အခုထိ ကိုက်တုန်းပဲ" အဲဒီ သီချင်းလေးပါ။

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ ဒါကတော့ နံပါတ်လေး မေးခွန်းလေးပါ။ အကို ခုနကပြောတယ်လေ ပန်းထိမ်ဆရာဘဝနဲ့ အကို ရပ်တည်ခဲ့တယ်လို့ အရင်တုန်းက ပြောတယ်ပေါ့လေ။ အဲဒီတုန်းက အကို ထားခဲ့တဲ့ မျှော်လင့်ချက်တစ်ခုတော့ ရှိမှာပေါ့။ ဘဝမျှော်လင့်ချက် ရည်မှန်းချက်ပေါ့ အဲဒီတုန်းက ထားခဲ့တဲ့ ဘဝရည်မှန်းချက်နဲ့ အခု အောင်မြင်လာတဲ့အခါမှာ ရှိလာတဲ့ ရလာတဲ့ ဘဝရည်မှန်းချက်က တစ်ထပ်တည်းကျလား။ ဒါမှမဟုတ် ပြောင်းလဲဖို့ရော ရှိလား။ ဘာတွေများ ပြောင်းလဲသွားလဲ။

အဲဒီအချိန်တုန်းကတော့ဘယ်လိုပြောမလဲ ရည်ရွယ်ထားတာတော့ မရှိဘူး။ နောက်ပြီးတော့ အိမ်မက်ဆုံရာ နောက်ဆုံးဆိုတာလည်း မသိဘူး အိမ်မက်ဆုံရာ နောက်ဆုံးလေးယောက် ပြိုင်မှ Grand Final နောက်ဆုံးဆိုတာ သိရတာ။ ဒါပေမယ့် တကယ်တမ်း အိမ်မက်ဆုံရာကို ဝင်ပြိုင်ချင်တာကတော့ ကြာပြီ ပြိုင်ဖြစ်ပြီဆိုကတည်းက ကျွန်တော်က ကျွန်တော် လက်ရှိလုပ်နေတဲ့ အလုပ်တွေကို မလုပ်တော့ဘူး။ နားပစ်လိုက်တာ။ သီချင်းကိုပဲ ခေါင်းထဲထည့်ထားတယ်။ သီချင်းကိုပဲ ကောင်းအောင်ဆိုမယ်ဆိုပြီးတော့ စိတ်နှစ်ထားတယ် ကျန်တာ ဘာမှမရှိဘူး။ အိမ်မက်ဆုံရာပြိုင်မယ် အဆင့်ဆင့်တက်မယ်။ ပြီးရင် Winner ရမယ်။ Winner ရပြီးရင် ဆက်ကြိုးစားမယ် ပိုက်ဆံစုမယ်။ အခွေထုတ်မယ် နာမည်ရမယ်။ အဲဒါလေးကို ငါ ဖြစ်အောင်လုပ်မယ် ငါကြိုးစားမယ်ဆိုပြီးတော့ လုပ်လိုက်တာ အဲလိုမျိုးလေးတော့ ထပ်တူတော့ ကျတယ်။

ဟုတ်ကဲ့ပါအကို။ ဒါကတော့ YOPE ရဲ့ နောက်ဆုံးမေးခွန်းလေးပါ။ ခုနက အကိုပြောတဲ့ အကို့ရဲ့ ပန်းတိုင်ပေါ့။ ဘာပဲဖြစ်ဖြစ် အိမ်မက်ဆုံရာ နောက်ဆုံး Winner ဖြစ်သော်ငြားလဲ ကိုယ်က Winner ဖြစ်ခဲ့တယ်ဆိုတော့ အကို့ရဲ့ မှတ်တိုင်တစ်ခုလေးတစ်ခု ရခဲ့ပြီပေါ။ ဒါပေမယ့် အကယ်၍ နောက်တစ်ခုများ အကို ထပ်ရမခဲ့မယ်ဆိုရင် ဘာထပ်လိုချင်လဲ။ ဒါမှမဟုတ်ရင် အခြား ဘာများထပ်ပြီးတော့ ပြောင်းလဲပြီးတော့ လိုချင်တာများ ရှိမလဲ။

နောက်ထပ် မျှော်လင့်သေးလား သူ့ထပ်ကောင်းတဲ့ဆုကို ကျွန်တော် မမျှော်လင့်တော့ဘူး။ အခုဆိုရင် ကျွန်တေ်ာ ဒီနေရာလေးကို ကျွန်တော်ရောက်ခဲ့ပြီ ဘယ်လိုပြောရမလဲ အနုပညာ   ဘောင်ဝင်သွားပြီပေါ့နော်။  ကျွန်တော် ကျေနပ်ပါတယ်။ ကျွန်တော် ပျော်တယ်။ အများကြီးလည်း ကျွန်တော် မလိုချင်ဘူး။ ထမင်းစားလက်မှတ်လေးပါ။ (ရယ်လျက်)

ဟုတ်ကဲ့ပါ။ ဒီထက်လည်း အကို အများကြီး အောင်မြင်မယ်လို့ မျှော်လင့်ပါတယ်။ မေးခွန်း ၅ ခုလုံးကို ဖြေပေးတဲ့အတွက်လည်း ကျေးဇူး အများကြီး တင်ပါတယ်။

အခုလို ကမ်းလှမ်းလာတဲ့အတွက်လည်း ကျွန်တေ်ာကလည်း အများကြီး ကျေးဇူးတင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly