မိုင်းတုံတွင် ရေပြန်ကျပြီ

မိုင်းတုံတွင် ရေပြန်ကျပြီ

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်တွင် သြဂုတ် ၅ရက်၌ မိုးဆက်လက်ရွာသွန်းခြင်း မရှိတော့ဘဲ မြို့တွင်း ရေလွှမ်းခဲ့သော နေရာများတွင် ရေပြန်ကျနေပြီဟု သိရသည်။ 

မိုင်းတုံမြို့နယ် နမ့်တုံချောင်း ရေကြီးရေလျှံခဲ၍ သြဂုတ် ၃ရက် နေ့လည်ပိုင်းက မိုင်းဆတ်-မိုင်းတုံ-ပုံပါကျင် ကားလမ်း ၆မိုင် ကျေးရွာအနီးရှိ အရှည်ပေ ၆၀၊ အကျယ် ၁၈ပေရှိသည့် ကွန်ကရစ်တံတား ကျိုးကျပျက်ဆီးခဲ့သည်။ 

သြဂုတ် ၃ရက်တွင် မိုင်းတုံမြို့နယ်၊ နောင်ပါရင် ရပ်ကွက်ရှိ အိမ်ခြေ ၅၀၊ မြို့မ ရပ်ကွက်ရှိ အိမ်ခြေ ၂၀ နှင့် လယ်မြေဧက ၂၀ ရေနစ်မြုပ်ခဲ့သည်။ 

ခရိုင်ပြန်/ဆက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly