ကြိုတင်လက်မှတ်ဝန်ဆောင်ခများကို ပြန်မအမ်းပေးသည့်အတွက် အဒဲလ်၏ပရိသတ်များ အမျက်ထွက်

ကြိုတင်လက်မှတ်ဝန်ဆောင်ခများကို ပြန်မအမ်းပေးသည့်အတွက် အဒဲလ်၏ပရိသတ်များ အမျက်ထွက်

အဒဲလ်၏ပရိသတ်များသည် မကြာသေးခင်ကမှ ဖျက်သိမ်းခဲ့သည့် ဝမ်ဘလေအားကစားကွင်း၌ ကျင်းပမည့် ဖျော်ဖြေပွဲအတွက် ပေးသွင်းခဲ့ရသော ကြိုတင်လက်မှတ်ဝန်ဆောင်ခများကို   ပြန်မအမ်းသည့်ကိစ္စနှင့် ပတ်သက်၍ အမျက်ထွက်နေကြသည်။

ထို့ကြောင့် ပရိသတ်များသည် လက်မှတ်ကြိုတင်ကြေး ဝန်ဆောင်ခ ၅.၅၀ ပေါင်ဆုံးရှုံးသည့်အတွက် လက်မှတ်ရောင်းသည့် Eventim UK ကုမ္ပဏီကို တွစ်တာမှတဆင့် မကျေမနပ်ပြောကြားခဲ့ကြသည်။

အဒဲလ်သည် သူမ၏လည်ချောင်းဆရာဝန်၏ အကြံပေးချက်အရ ဇူလိုင် ၁ရက်နှင့် ၂ရက်နေ့က ဝမ်ဘလေကွင်း ၌ ကျင်းပရန်စီစဉ်ထားသော ဖျော်ဖြေပွဲများကို ဖျက်သိမ်းခဲ့သည်။

Eventim UK ကုမ္ပဏီ၏ စည်းမျဉ်းစည်းကမ်းများတွင် ဖျော်ဖြေပွဲဖျက်သိမ်းမှုအတွက် လက်မှတ်တန်ဖိုးငွေကို ပြန်အမ်းမည်ဖြစ်သော်လည်း ကြိုတင်လက်မှတ်ဖြတ်သည့် ဝန်ဆောင်ခကို   ပြန်အမ်းမည် မဟုတ်ကြောင်း ဖော်ပြထားသည်။

ပရိသတ်များကို သူတို့လက်မှတ်ကုန်ကျငွေများအား လာမည့် ၂ရက်မှ ၃ရက်အတွင်း ပြန်အမ်းပေးမည်ဖြစ် ကြောင်း လက်မှတ်ကုမ္ပဏီက အီးမေးလ်ပေးပို့ခဲ့သည်။ သို့သော်လည်း ကုမ္ပဏီက ကြိုတင်လက်မှတ်ဖြတ် သည့် ဝန်ဆောင်ခများကို ပြန်အမ်းမည်မဟုတ်ကြောင်း သတင်းဌာနသို့ ပြောကြားခဲ့သည်။

“ကြိုတင်လက်မှတ်ဖြတ်တဲ့ ဝန်ဆောင်ခဟာ ကျနော်တို့ရဲ့ လက်မှတ်ဝန်ဆောင်မှုလုပ်ငန်း ကုန်ကျမှုတွေ အတွက် ကာမိအောင် ကျသင့်ငွေတောင်းခံထားတာ ဖြစ်ပါတယ်” ဟု ကြေညာချက်တွေ   ဖော်ပြထားသည်။

ယင်းကိစ္စနှင့် ပက်သက်၍ ပရိသတ်များသည် အဒဲလ်အား တွစ်တာမှတဆင့် တိုင်ကြားခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required