ရေဘေးသင့်သူများကို ကူညီရန် စာအုပ်နှင့် အလှုငွေလဲလှယ်သည့် အစီအစဉ်ပြုလုပ်

ရေဘေးသင့်သူများကို ကူညီရန် စာအုပ်နှင့် အလှုငွေလဲလှယ်သည့် အစီအစဉ်ပြုလုပ်

ရန်ကုန်၊ သြဂုတ် ၅ ။       ။ မြန်မာတစ်နိုင်ငံလုံးရှိ ရေဘေးသင့် ပြည်သူများကို ကူညီပံ့ပိုးပေးရန် အတွက် စာအုပ်နှင့်အလှူငွေ လဲလှယ်ပွဲကို   ပန်းဆိုးတန်း(အလယ်) အမှတ် ၁၄၄၊ စာပေနန်းတော် (ယခင်စာပေလောက ၅) စာအုပ်ဆိုင် အပေါ်ထပ်ရှိ  ပန်းဆိုးတန်းပန်ချီခန်းမတွင်  သြဂုတ် ၅ ရက်က စတင် ကျင်းပသည်။

ယင်းပွဲကို သြဂုတ် ၅ ရက်မှ ၁၀ ရက် အထိ ကျင်းပသွားမည် ဖြစ်ပြီး   ရှုတိုင်းယဉ်စာပေ၊ ရေသောက်မြစ် စာပေတို့၏ ကူညီမှုဖြင့်  ‘  ကြိုက်တဲ့စာအုပ်ယူ၊ ကြိုက်သလောက် အလှူငွေထည့်  ရေဘေးကူညီရေး ‘ အစီအစဉ် ကို   မနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲတွင် စာရေးဆရာ သွန်းနေစိုးက “စာအုပ် ၁၀ အုပ်ယူယူ တစ်ရာအုပ်ယူ ကြိုက်သလောက်ယူပါ။ အလှူငွေ လည်း သတ်မှတ်မထားဘူး။ တစ်ရာထည့်ထည့် တစ်သောင်း ထည့်ထည့်ရပါတယ်။”  ဟု ပြောသည်။

အဆိုပါပွဲအပြင် ကူညီသည့် လူငယ်များကလည်း အလှုခံ ထွက်မည်ဖြစ်ပြီး ရရှိသည့် အလှုငွေများကို  ချင်းနှင့် ရခိုင်ပြည်နယ်သို့ သွားရောက်လှူဒါန်းမည်ဖြစ်သည်။

သြဂုတ် ၇ ရက်တွင်  ပန်းချီဆရာမောင်မောင်စော၏ ရှစ်လေးလုံး အထိမ်းအမှတ် ပန်ချီပြပွဲ ကျင်းပမည် ဖြစ်သည်ဟုလည်း ပြခန်းတာဝန်ခံ ဆရာမ နေညိုလတ်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly