အဲဗာတန်ု တိုက်စစ်မှူး လူကာကူကို ပြောင်းရွှေ့ကြေး ပေါင် (၇၅)သန်းနဲ့ မန်ယူအသင်း ခေါ်ယူရန် သဘောတူညီမှုရရှိ

အဲဗာတန်ု တိုက်စစ်မှူး လူကာကူကို ပြောင်းရွှေ့ကြေး ပေါင် (၇၅)သန်းနဲ့ မန်ယူအသင်း ခေါ်ယူရန် သဘောတူညီမှုရရှိ
(ဓာတ်ပုံ - အီးပီအေ)

မန်ချက်စတာယူနိုက်တက်ဟာ အဲဗာတန်တိုက်စစ်မှူး လူကာကူကို ပြောင်းရွှေ့ကြေး ပေါင် (၇၅) သန်းနဲ့ ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

အသက် ၂၄ နှစ်အရွယ် ဘယ်လ်ဂျီယံလက်ရွေးစင် ကစားသမားဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ (၂၅)ဂိုး သွင်းယူခဲ့ပါတယ်။ လူကာကူဟာ ၂၀၁၄ ခုနှစ်က ချယ်လ်ဆီးအသင်မှ အဲဗာတန်အသင်းထံ ပေါင် (၂၈)သန်းနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

လူကာကူအတွက် အပြောင်းအရွှေ့မှာ အဲဗာတန်နဲ့ မန်ယူ တိုက်စစ်မှူး ရွန်နီအတွက် သဘောတူညီမှု ပါဝင်တာ မရှိဘူးလို့ သိရပါတယ်။

အခုချိန်မှာ မန်ယူဟာ လူကာကူကို ခေါ်ယူနိုင်ခဲ့တာကြောင့် ရီးယဲလ်အသင်းမှ မိုရာတာကို ခေါ်ယူဖို့ ရပ်နားသွားဖွယ်ရှိပါတယ်။

ဒါပေမယ့် အဲဗာတန်ရဲ့ သတင်းရစ်မြစ်များအဆိုရ လူကာကူအတွက် စာချုပ် သို့မဟုတ် သဘောတူညီမှု မရရှိသေးဘူးလို့ ဘီဘီစီက ဆိုပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required