ပေါ်တိုမှာ နောက်ထပ် တစ်ရာသီ သက်တမ်းတိုးခဲ့တဲ့ ကာဆီးလက်စ်

ပေါ်တိုမှာ နောက်ထပ် တစ်ရာသီ သက်တမ်းတိုးခဲ့တဲ့ ကာဆီးလက်စ်
(ဓာတ်ပုံ - အီးပီအေ)

စပိန်လူမျိုး ဂိုးသမား ကာဆီးလက်စ်ဟာ ပေါ်တိုအသင်းမှာ နောက်ထပ်တစ်နှစ် ရှိသွားမယ်လို့ ကြာသပတေးနေ့က အတည်ပြုပြောကြားခဲ့ပါတယ်။

ရီးယဲလ်ဂိုးသမားဟောင်းရဲ့ အနာဂတ်နဲ့ပတ်သက်လို့ ပြင်သစ် ဒါမှမဟုတ် အင်္ဂလန်အသင်းတွေဆီ ပြောင်းရွှေ့ဖို့ သတင်းတော်တော်များများ ထွက်ခဲ့ဖူးပါတယ်။

ဒါပေမယ့် သူက ပြီးခဲ့တဲ့ရာသီ ချန်ပီယံဖြစ်ခဲ့တဲ့ ဘင်ဖီကာရဲ့ နောက် ဒုတိယနေရာမှာရှိတဲ့ ပေါ်တိုအသင်းမှာ နောက်တစ်ရာသီ ကစားသွားမှာမို့ ပျော်ရွှင်မိတယ်လို့ ၂၀၁၀ ကမ္ဘာ့ဖလားချန်ပီယံ ဆွတ်ခူးခဲ့တဲ့ ကာဆီးလက်စ်က ဖေ့စ်ဘုတ်က တဆင့် ပြောဆိုသွားပါတယ်။

ကာဆီးလက်စ်ဟာ ရီယဲလ်မက်ဒရစ်အသင်းမှာ ၁၆ နှစ်ကြာ ကစားခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်က ပေါ်တိုအသင်းနဲ့ ၂ နှစ် စာချုပ်,ချုပ်ခဲ့ပြီး ယူရို ၂၀၀၈၊ ၂၀၁၂ ချန်ပီယံဆုရှင်ဟာ အခုဆို အသင်းနဲ့ နောက် တစ်ရာသီ သက်တမ်းတိုးခဲ့တာဖြစ်ပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required