အမေရိကန်ကို တစ်ကိုယ်ရည်တိုက်ခိုက်မှုများ လုပ်ဆောင်သွားရန် အယ်လ်ခိုင်ဒါအဖွဲ့ နှိုးဆော်

အမေရိကန်ကို တစ်ကိုယ်ရည်တိုက်ခိုက်မှုများ လုပ်ဆောင်သွားရန် အယ်လ်ခိုင်ဒါအဖွဲ့ နှိုးဆော်

ယီမင်ရှိ အယ်လ်ခိုင်ဒါ လက်ခွဲအဖွဲ့က အမေရိကန်နိုင်ငံကို တစ်ကိုယ်ရည်တိုက်ခိုက်မှုများ လုပ်ဆောင်သွားကြရန် နောက်လိုက်များအား နှိုးဆော်တိုက်တွန်းချက်ထုတ်လိုက်သည်။

”အမေရိကန်တွေကို နိုင်ငံတွင်းကပဲဖြစ်ဖြစ် ပြင်ပရောက်တွေပဲဖြစ်ဖြစ် တိုက်ခိုက်သွားကြဖို့ တိုက်တွန်းတယ်။”ဟု အယ်လ်ခိုင်ဒါဗုံးတီထွင်ရေးအဖွဲ့အကြီးအကဲ အီဘရာဟမ်အယ်အစ်စီရီက တိုက်တွန်းခြင်းဖြစ်ကြောင်း စီအင်န်အင်န်သတင်းတွင်ဖော်ပြသည်။

ယင်းစာကို သတင်းအစကောက်ပြီး စုံစမ်းရေးသားဖော်ပြခြင်းဖြစ်ပြီး အယ်အစ်စီရီသည် ဆုငွေ ဒေါ်လာ ၅သန်း ထုတ်ထားသည့် အကြမ်းဖက်ခေါင်းဆောင်တစ်ဦးဖြစ်သည်။

”အမေရိကန်အနေနဲ့ ပိုပြီးအန္တရာယ်များတဲ့ အကြမ်းဖက်မှုတွေကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။”ဟု စီအင်န်အင်န်မှ အကြမ်းဖက်မှုဆိုင်ရာအကဲဖြတ်တစ်ဦးဖြစ်သည့် ပေါလ်ခရူရှန်က ပြောပြီး ”အယ်အစ်စီရီက ခုဆိုရင်အတွင်းခံနဲ့ ရှုးဖိနပ်တွေမှာတောင် ဖောက်ခွဲရေးပစ္စည်းတပ်ဆင်တဲ့ဗုံးတွေကို တီထွင်ထုတ်လုပ်ထားနိုင်ပြီဖြစ်တယ်ဆိုတာလည်းထောက်လှမ်းရေးသတင်းအရ သိထားရပါတယ်။”ဟု ဆက်လက်ပြော ကြားခဲ့သည်။

အဆိုပါ စာတွင် အကြမ်းဖက်မှုများ ပြုလုပ်ရာတွင် အမေရိကန်များကို ဦးစားပေးပထမအဖြစ် ပစ်မှတ်ထားရန် ဖော်ပြထားကြောင်း ဘာသာပြန်ဆိုသည့် အမေရိကန် အခြေစိုက်စောင့်ကြည့်ရေး အဖွဲ့တစ်ရပ်ကလည်း ပြောထားသည်။

Ref: Press TV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly