လီဗြောင်ဟွန်းနှင့်အတူ ဇာတ်လမ်းတွဲတစ်ခုတွင် အတူသရုပ်ဆောင်မည့် ကင်မ်တေးရီ

လီဗြောင်ဟွန်းနှင့်အတူ ဇာတ်လမ်းတွဲတစ်ခုတွင် အတူသရုပ်ဆောင်မည့် ကင်မ်တေးရီ

ဒါရိုက်တာပါ့ခ်ချိန်းဝတ်ခ် ရိုက်ကူးထားသော The Handmaiden ရုပ်ရှင်ဖြင့် နာမည်ကျော်ကြားခဲ့သည့် မင်းသမီးကင်မ်တေးရီသည် စာရေးဆရာမ ကင်မ်အန်ဆွတ်ခ်ရေးသားထားသော Mr. Sunshine ဟု အမည်ရ သည့် ဇာတ်လမ်းတွဲတွင် မင်းသားလီဗြောင်ဟွန်းနှင့်အတူ ပါဝင်သရုပ်ဆောင်မည်ဖြစ်ကြောင်း ဇူလိုင် ၆ရက်နေ့ တွင် ကြေညာခဲ့သည်။

ကနဦးက Mr.Sunshine ဒရာမာဇာတ်လမ်းတွဲတွင် ခေါင်းဆောင်မင်းသားဖြစ်သူ လီဗြောင်ဟွန်းနှင့်အတူ သရုပ်ဆောင်မည့် ခေါင်းဆောင်မင်းသမီး မည်သူဖြစ်မလဲဆိုတာကို ပရိသတ်အများအပြားက စိတ်ဝင်စားနေခဲ့ ကြသည်။ ထို့ကြောင့် The Handmaiden ရုပ်ရှင်နှင့်အတူ ချီးမွမ်းမှုအများအပြား ရရှိခဲ့သည့် မင်းသမီး ကင်မ်တေးရီ သရုပ်ဆောင်မည်ဆိုသောကြောင့် စိတ်ဝင်စားမှုများ ပိုမိုမြင့်တက်လာခဲ့သည်။

ဇာတ်လမ်းတွဲကို ကိုရီးယားနိုင်ငံအား ဂျပန်နိုင်ငံမှ မသိမ်းပိုက်မီ ၁၉၀၀ ခုနှစ် အစောပိုင်းကာလများကို အခြေခံထားပြီး Mr. Sunshine ဆိုသူက သမိုင်းထဲတွင် မှတ်တမ်းတင်ခြင်းမခံလိုက်ရသော စစ်သားများ အကြောင်းကို ပြန်ပြောင်း ပြောပြသည့် ပုံစံဖြင့် ဇာတ်လမ်းဆင်ထားခြင်းဖြစ်သည်။

Goblin နှင့် Descendants of the Sun တို့ကဲ့သို့သော နာမည်ကျော်လူကြိုက်များသည့် ဇာတ်လမ်းတွဲများကို ရေးသားခဲ့သည့် စာရေးဆရာမ ကင်မ်အန်ဆွတ်ခ်က သူမသည် Mr.Sunshine ကဲ့သို့သော ဇာတ်လမ်းမျိုးကို အချိန်အကြာကြီးကတည်းက ရေးသားချင်နေခဲ့ကြောင်း ပြောဆိုခဲ့ဖူးသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly