ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဖလား ဗိုလ်လုပွဲစဉ်တွင် ဒဂုံတက္ကသိုလ်အသင်းနှင့်ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်အသင်းတို့ တွေ့ဆုံ

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဖလား ဗိုလ်လုပွဲစဉ်တွင် ဒဂုံတက္ကသိုလ်အသင်းနှင့်ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်အသင်းတို့ တွေ့ဆုံ
 

ရန်ကုန် ၊ ဇူလိုင် ၆  ။             ။ DUSU Challenge Cup 2017 နောက်ဆုံးဗိုလ်လုပွဲအဖြစ် ဒဂုံတက္ကသိုလ် အသင်း နှင့် ရန်ကုန်အနောက်ပိုင်း တက္ကသိုလ် အသင်းတို့ ဇူလိုင်လ ၇ ရက်နေ့ နေ့လယ် ၂နာရီ တွင် Yagon United Football Stadium ၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

ဒဂုံတက္ကသိုလ်အသင်းသည် ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်အသင်းကို အကြိုဗိုလ်လုပွဲတွင် ၈ ဂိုးပြတ်အနိုင်ရပြီး ဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

အနောက်ပိုင်းတက္ကသိုလ်အသင်းမှာမူ အကြိုဗိုလ်လုပွဲတွင် နည်းပညာတက္ကသိုလ်(မှော်ဘီ)ကို အနိုင်ရလာခြင်းဖြစ်သည်။ ၎င်းတို့နှစ်သင်းသည် ပွဲချိန်အတွင်း တစ်ဖက်တစ်ဂိုးစီသရေကျနေခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်ခံယူရာတွင် အနောက်ပိုင်းတက္ကသိုလ်အသင်းက ၅-၄ ဂိုးဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required