နေပြန်ကောင်းသည့် အချိန်မတိုင်ခင်အထိ ရိုက်ကူးရေးများကို ရပ်ဆိုင်းထားသည့် ကင်မ်ဝူးဘင်

နေပြန်ကောင်းသည့် အချိန်မတိုင်ခင်အထိ ရိုက်ကူးရေးများကို ရပ်ဆိုင်းထားသည့် ကင်မ်ဝူးဘင်

တောင်ကိုရီးယားမင်းသား ကင်မ်ဝူးဘင်သည် မကြာခင်တွင်ထွက်ရှိရန် စီစဉ်ထားသော Wiretap ဟု ယာယီ အမည်ပေးထားသည့် ရုပ်ရှင်ရိုက်ကူးရေးကို သူနေပြန်ကောင်းသည့် အချိန်မတိုင်ခင်အထိ ရပ်နားထားလိုက် သည်။

ရုပ်ရှင်ရိုက်ကူးရေးကို အစပိုင်းက မင်းသားဖြစ်သူ၏ ကင်ဆာရောဂါကြောင့် အချိန်အတိုင်းအတာတစ်ခုထိသာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း ပြောဆိုထားသော်လည်း ဇူလိုင်လ ၆ရက်နေ့တွင် ဒါရိုက်ချွိုင်းဒေါင်ဟွန်းက ရိုက်ကူးရေးကို လုံဝရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ ရုပ်ရှင်သရုပ်ဆောင်များနှင့် ရိုက်ကူးရေး အဖွဲ့ဝင်များအားလုံးကို အဖွဲ့ခွဲလိုက်ပြီး ကင်မ်ဝူးဘင်   ရောဂါပြန်သက်သာလာသည့် အချိန်မှသာ ပြန်လည်စတင် မည်ဖြစ်ကြောင်း အသိပေးခဲ့သည်။

သတင်းများတွင် ဖော်ပြချက်အရ ဒါရိုက်တာချွိုင်းဒေါင်ဟွန်းသည် ကင်မ်ဝူးဘင်ကင်ဆာဝေဒနာ ခံစားနေရသည် ဆိုသော သတင်းနှင့်ပက်သက်၍ တုန်လှုပ်ခြောက်ခြားခဲ့ပြီး ရုပ်ရှင်ရိုက်ကူးရေးထက် မင်းသား၏ကျန်းမာရေးက သာ အရေးကြီးသည်ဟု ဆုံးဖြတ်ခဲ့သောကြောင့် ယခုလို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ကင်မ်ဝူးဘင်သည် ကင်ဆာဝေဒနာခံစားနေရကြောင်း ပြီးခဲ့သောမေလက ဆေးစစ်မှုအပြီးတွင် သိရှိခဲ့ရပြီး လက်ရှိတွင် ဆေးသွင်းကုသမှု၊ ဓာတ်ရောင်ခြည်ကုထုံးတို့ဖြင့် ရောဂါကို ကုသလျက်ရှိသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required