ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးတို့ တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးတို့ တွေ့ဆုံ
Photo - Ministry of Foreign Affairs

ရန်ကုန် ၊ ဇူလိုင် ၅ ။                ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Filippo Grandi တို့ ယနေ့ နေ့လည်ပိုင်းက   နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ခဲ့သည်။

ယင်းသို့ တွေ့ဆုံရာ၌ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံတွင် လက်ရှိ လူသားချင်းစာနာမှုအကူအညီ ပေးရေးလုပ်ငန်းများ  ဆောင်ရွက်နေမှုအခြေအနေများ၊   မြန်မာနိုင်ငံနှင့် UNHCR တို့အကြား ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Filippo Grandi အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့်မတွေ့ဆုံမီ ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး ဒုက္ခသည်စခန်းများကို ကြည့်ရှုခဲ့သေးသည်။ အမျိုးသမီးစက်ချုပ်ကျောင်းများ၊ အမှတ် ၁ နယ်ခြားစောင့်ရဲတပ်ဖွဲ့သို့ပါ သွားရောက်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly