အာဆီယံဖူဆယ်ကလပ် ချန်ပီယံရှစ်အုပ်စုတက်ရန် အင်ဒိုကလပ်ကို အနိုင်ကစားရမည့် ပြည်ယူနိုက်တက်

အာဆီယံဖူဆယ်ကလပ် ချန်ပီယံရှစ်အုပ်စုတက်ရန် အင်ဒိုကလပ်ကို အနိုင်ကစားရမည့် ပြည်ယူနိုက်တက်

ဇူလိုင် ၅၊ ရန်ကုန်။               ။ ၂၀၁၇ အာဆီယံဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေသော မြန်မာပြည်ကိုယ်စားပြုကလပ် ပြည်ယူနိုက်တက်အသင်းမှာ အုပ်စုအဖွင့်နှစ်ပွဲကစားအပြီးတွင် ဘရူနိုင်းကလပ် Shah United အသင်းကို ၈ - ၁ ဂိုးဖြင့်အနိုင်ရခဲ့သော်လည်း ထိုင်းကလပ် Thai Pot အသင်းကို ၄ - ၀ ဂိုးဖြင့်ရှုံးခဲ့သောကြောင့် အုပ်စုတက်ရန်အတွက် အင်ဒိုနီးရှားကလပ် Permata အသင်းကို အနိုင်ကစားရမည် ဖြစ်သည်။

ပြည်ယူနိုက်တက်အသင်းမှာ ၂၀၁၇ မြန်မာနေရှင်နယ်ဖူဆယ်လိဂ်ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သည့်အတွက် အာဆီယံဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်းဖြစ်ပြီး ယခုပြိုင်ပွဲမှာ ပထမဆုံး နိုင်ငံတကာပြိုင်ပွဲဖြစ်သည်။ အင်ဒိုနီးရှားကလပ် Permata အသင်းမှာ အုပ်စုအဖွင့်ပွဲတွင် ထိုင်းကလပ် Thai Pot အသင်းကို ၄ - ၁ ဂိုးဖြင့် ရှုံးခဲ့သော်လည်း ဘရုနိုင်းကလပ် Shah United အသင်းကို ၆ - ၃ ဂိုးဖြင့် အနိုင်ရထားသည်။ ၂၀၁၇ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပနေခြင်းဖြစ်ပြီး ထိုင်း၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ သြစတြေးလျ၊ ဗီယက်နမ်၊ မလေးရှား၊ လာအိုကလပ်အသင်းများပါဝင်ယှဉ်ပြိုင်နေသည်။

အုပ်စုတက်ရေး အဆုံးအဖြတ်ပွဲဖြစ်သည့် ပြည်ယူနိုက်တက်အသင်းနှင့်အင်ဒိုနီးရှားကလပ် Permata အသင်းတို့ပွဲစဉ်ကို ဇူလိုင် ၅ ရက်တွင်ကစားမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required