မလေးရှားသို့ ဦးတည်ပျံသန်းလာသည့် AirAsia လေယာဉ်တစ်စင်း ငှက်အုပ်နှင့်ဝင်တိုက်ခဲ့မိတာကြောင့် သြစတြေးလျမှာ အရေးပေါ်ဆင်းသက်ခဲ့ရ

မလေးရှားသို့ ဦးတည်ပျံသန်းလာသည့် AirAsia လေယာဉ်တစ်စင်း ငှက်အုပ်နှင့်ဝင်တိုက်ခဲ့မိတာကြောင့် သြစတြေးလျမှာ အရေးပေါ်ဆင်းသက်ခဲ့ရ

ဇူလိုင် ၄ ။                  ။ AirAsia လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ဇူလိုင်လ ၃ ရက်က သြစတြေးလျမှ မလေးရှားသို့ ဦးတည်ပျံသန်းထွက်ခွာလာစဉ် ငှက်အုပ်နှင့်ဝင်တိုက်ခဲ့မိခြင်းကြောင့် လာရာလမ်းအတိုင်း ပြန်လှည့်ကာ အရေးပေါ်ပြန်လည်ဆင်းသက်ခဲ့ရသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

AirAsia လေယာဉ် D7 207 မှာ သြစတြေးလျနိုင်ငံ Gold Coast မှ မလေးရှားနိုင်ငံ ကွာလာလမ်ပူသို့ ဦးတည်ပျံသန်းလာခဲ့စဉ် ပျံတက်ပြီးများမကြာမီမှာပင် အဆိုပါဖြစ်စဉ်ပေါ်ပေါက်ခဲ့ခြင်းကြောင့် အရေးပေါ် ပြန်လည်ဆင်းသက်ခဲ့ရခြင်းဖြစ်ကြောင်း လေကြောင်းလိုင်းက ထုတ်ပြန်ခဲ့သည်။

ခရီးသည် ၃၄၅ ဦးနှင့် လေယာဉ်အမှုထမ်း ၁၄ တို့လိုက်ပါခဲ့သည့် အဆိုပါလေယာဉ်မှာ သြစတြေးလျနိုင်ငံ ဘရစ္စဘိန်း လေဆိပ်သို့ ဘေးကင်းစွာ ပြန်လည်ဆင်းသက်နိုင်ခဲ့သည်ဟု သိရသည်။

" ဒီဖြစ်စဉ် ဖြစ်ပြီးနောက် စစ်ဆေးမှုတွေလုပ်ခဲ့ရာမှာတော့ လေယာဉ်ပြေးလမ်းပေါ်မှာတင် ငှက်သေနှစ်ကောင် တွေ့ခဲ့ပါတယ်၊ ကျွန်တော်တို့အနေနဲ့ကတော့ ကျွန်တော်တို့ရဲ့ ခရီးသည်တွေရဲ့   ဘေးကင်းလုံခြုံရေးနဲ့ ကောင်းကျိုးချမ်းသာရဖို့အတွက်ပဲ အမြဲဦးစားပေးပြီးတော့ သက်ဆိုင်ရာ စည်းမျဉ်းတွေအတိုင်း လိုက်နာဆောင်ရွက်ခဲ့ပါတယ်" ဟု AirAsia ၏ အကြီးအကဲတစ်ဦးဖြစ်သည့် ဘန်ယမင် အစ္စမေးလ်က ပြောသွားသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ယင်းလေယာဉ်ပေါ် လိုက်ပါခဲ့သည့် ခရီးသည်များကိုလည်း တစ်ခြားအထူးလေယာဉ်တစ်စင်းဖြင့် ပြောင်းလဲစီစဉ်ပို့ဆောင်ပေးရန် လုပ်ဆောင်ခဲ့ကြောင်းလည်း မလေးရှားလေကြောင်းလိုင်းက ထုတ်ပြန်ပြောကြားသွားသည်။

 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required