သရုပ်ဆောင် ဖွေးဖွေး Samsung Mobile Myanmar ၏ Brand Ambassador အဖြစ် ခန့်အပ်ခံရ

သရုပ်ဆောင် ဖွေးဖွေး Samsung Mobile Myanmar ၏ Brand Ambassador အဖြစ် ခန့်အပ်ခံရ

ရန်ကုန်၊ ဇူလိုင် ၄ ။            ။ Samsung Myanmar ကုမ္ပဏီမှ Samsung Mobile Myanmar ၏ Brand Ambassador တစ်ဦးအဖြစ် ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ ဖွေးဖွေးကို ခန့်အပ်လိုက်ကြောင်း ထုတ်ပြန် ကြေညာထားသည်။

Samsung Myanmar သည် ၎င်း၏ Mobile Phone Brand Ambassador များအဖြစ် အဆိုတော်၊ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်နှင့် အဆိုတော် Bobby Soxer တို့ကို ၂၀၁၄ ခုနှစ် မှစတင်ပြီး ခန့်အပ်ထားခဲ့သည်။

ထို့အပြင် ၂၀၁၇ခုနှစ်ထဲတွင် နောက်ထပ် Mobile Phone Brand Ambassador များအဖြစ် ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် အေးမြတ်သူ၊ မော်ဒယ် အေရီရယ်သုတ နှင့် အဆိုတော် ပန်းရောင်ခြယ်တို့ကို ထပ်မံ ခန့်အပ်ခဲ့ပြီး ဖြစ်သည်။

သရုပ်ဆောင် ဖွေးဖွေးက “ဖွေးကိုယ်တိုင်လည်း အရင်ကတည်းက Samsung ရဲ့ ဖုန်းတွေကို အစဉ်တစိုက် အားပေး သုံးစွဲလာခဲ့တဲ့ အမာခံ ပရိသတ်တစ်ဦး ဖြစ်ပါတယ်။ အခုလို သုံးစွဲသူတွေရဲ့ ယုံကြည်စိတ်ချမှုကို အခိုင်အမာ ရထားပြီး ကမ္ဘာကျော် အမှတ်တံဆိပ် တစ်ခုလည်း ဖြစ်တဲ့ Samsung Myanmar ရဲ့Brand Ambassador တစ်ဦးအဖြစ် ခန့်အပ်ခြင်းခံရတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်။ Samsung နဲ့အတူ ရှေ့ဆက် လက်တွဲပြီးလည်း အလုပ်တွေအများကြီးလုပ်သွားဖို့ရှိပါတယ်” ဟု ပြောသည်။

ယခုအခါတွင် Samsung Myanmar ကုမ္ပဏီမှ Mobile Phone Brand Ambassador အသစ်တစ်ဦး အဖြစ် ထပ်မံခန့်အပ်လိုက်ကာ ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် ဖွေးဖွေးနှင့်လည်း လက်တွဲလုပ်ကိုင် ဆောင်ရွက် သွားမည် ဖြစ်သည်။

Samsung Myanmar ၏ Head of IT and Mobile ကိုဇာနည်ဝင်းထက်က “ကျွန်တော်တို့ Samsung Myanmar အနေနဲ့ မတူညီတဲ့နယ်ပယ်မျိုးစုံက ပြည်သူတွေချစ်တဲ့ မြတ်နိုးအားပေးကြတဲ့ အနုပညာရှင်တွေကို သက်ဆိုင်ရာကုန်ပစ္စည်းတွေနဲ့အတူ လိုက်လျောညီထွေဖြစ်စေဖို့ ရွေးချယ်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ Samsung Myanmar ရဲ့ ပြည်သူ့ အချစ်တော် Brand Ambassador အတူလက်တွဲပြီး သုံးစွဲသူ မိဘပြည်သူတွေဆီကို စိတ်ဝင်စားစရာ အစီအစဉ်တွေ ယူဆောင်လာပေးမှာပါ” ဟု ပြောသည်။

ရုပ်ရှင် နှင့် ဗီဒီယို သရုပ်ဆောင် ဖွေးဖွေးသည် လက်ရှိတွင် လက်ပံရုပ်ရှင်ဇာတ်ကား၊ ကျွန်မကနှင်းဆီပါမောင် စသည့် ရုပ်ရှင်ဇာတ်ကားများဖြင့် အကယ်ဒမီ ထပ်ဆင့် ရရှိ ပိုင်ဆိုင်ထားသည့် အနုပညာရှင် တစ်ဦးလည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly