ချယ်လ်ဆီးနည်းပြဖြစ်လာရန် အိပ်မက်နေသည်ဟု ဗီလာကစားသမားသစ် တယ်ရီပြော

ချယ်လ်ဆီးနည်းပြဖြစ်လာရန် အိပ်မက်နေသည်ဟု ဗီလာကစားသမားသစ် တယ်ရီပြော

ဇူလိုင် ၄၊ လန်ဒန်။           ။ တစ်ချိန်တွင် ချယ်လ်ဆီးအသင်းနည်းပြဖြစ်လာရန် အိပ်မက်နေသည်ဟု ဂျွန်တယ်ရီက အက်စတွန်ဗီလာအသင်းနှင့် တစ်နှစ် စာချုပ်အပြီးတွင် ပြောသည်။

အင်္ဂလန်နှင့် ချယ်လ်ဆီးအသင်းခေါင်းဆောင်ဟောင်းသည် အက်စတွန်ဗီလာအသင်းနှင့် အပိုဆုကြေးများပါဝင်သည့် တစ်ပတ်ပေါင် ၈၀, ၀၀၀ တန် တစ်နှစ်စာချုပ်လိုက်ခြင်းဖြစ်သည်။

အသက် ၃၆ နှစ်အရွယ်ကစားသမား၏ လက်ရှိရည်ရွယ်ချက်မှာ အက်စတွန်ဗီလာအသင်းကို ပရီးမီးယားလိဂ်သို့ တန်းပြန်တက် အောင် ကူညီပေးနိုင်ရေးဖြစ်သော်လည်း အနာဂါတ်ရည်မှန်းချက်မှာ ချယ်လ်ဆီးနည်းပြဖြစ်လာရန် ဖြစ်သည်။

“ကျွန်တော်အမြဲတမ်း အကောင်းဆုံးဖြစ်ချင်ပြီး တကယ်လို့နည်းပြလိုင်းဆိုရင်လည်း တစ်နေ့မှာ ချယ်လ်ဆီးအသင်းနည်းပြ ဖြစ်ချင်ပါတယ်။

ဒါပေမဲ့ ချယ်လ်ဆီးလိုအသင်းမျိုးကို ပထမဆုံးနည်းပြအတွေ့အကြုံအနေနဲ့တော့ သွားလို့မရပါဘူး။ အရင်ဆုံးသင်ယူရဦးမှာပါ။ လေ့လာသင်ယူရင်းနဲ့ အမှားနည်းလာတဲ့အခါကျရင်တော့ နည်းပြလုပ်ဖို့အတွက် အဆင်သင့်ဖြစ်လာမှာပါ”ဟု တယ်ရီက ဆိုသည်။

လစာများများဖြင့် ပရီးမီးယားလိဂ်တွင် ဆက်ကစားနိုင်သည့် အခွင့်ရေးများရခဲ့သော်လည်း ချယ်လ်ဆီးအသင်းကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်လိုခြင်းမရှိ၍ ကမ်းလှမ်းမှုများကိုပယ်ချခဲ့သည်ဟု တယ်ရီကပြောသည်။

တယ်ရီသည် အင်္ဂလန်အသင်းအတွက် ၇၈ ပွဲကစားခွင့်ရခဲ့ပြီး ချယ်လ်ဆီးအသင်းအတွက် ၇၁၇ ပွဲကစား၊ ပရီးမီးယားလိဂ်ဖလား ၅ လုံးရခဲ့သည်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required