Best Original Costume ဆုကို မြန်မာနိုင်ငံမှ ရရှိ

Best Original Costume ဆုကို မြန်မာနိုင်ငံမှ ရရှိ

ရန်ကုန် ၊ ဇူလိုင် ၃ ။               ။ တောင်ကိုရီးယားနိုင်ငံတွင် ဇူလိုင် ၁ရက်၌ ကျင်းပခဲ့သည့် Miss World Beauty Queen 2017 ပြိုင်ပွဲ တွင် မြန်မာနိုင်ငံမှ အလှမယ် အားကိုင် ခေါ် ဂျာဒင်ကိုင်သည် Best Original Costume ဆုကို ဆွတ်ခူး ရရှိ ခဲ့သည်။

ကချင်လူမျိုး ဖြစ်သည့် အလှမယ် ဂျာဒင်ကိုင် သည် တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပသည့် Miss World Beauty Queen 2017 ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Top 16 ကို ဝင်ရောက်ခဲ့သလို Best Original Costume ဆု ရရှိခဲ့ခြင်းဖြစ်သည်။

ထိုအလှမယ် ပြိုင်ပွဲတွင် World Beauty Queen 2017 အဖြစ် Belarus နိုင်ငံမှ ရရှိခဲ့သလို 1st runner up ကို Finland ၊ 2nd runner up ကို Venezuela ၊ 3rd runner up Singapore ၊ 4th runner up ကို China မှ ရရှိခဲ့ကြ သည်။

Special Awards ဆုချီးမြှင့်ရာတွင် Best national costume ကို Indonesia & Sri Lanka ၊ Photogenic ဆုကို Bolivia ၊ Congeniality ဆုကို Netherlands ၊ Best Talent ဆုကို Borneo 1st runner up ကို Siberia 2nd runner up ကို Tajikistan ၊ Best Swimsuit ဆုကို Russia ၊ Best Evening Gown ဆုကို Thailand၊ Top Model ဆုကို Kazakhstan ၊  Best Skin ဆုကို Malaysia ၊ Missosology Choice ဆုကို Belarus၊ Best Original Costume ဆုကို Myanmar ၊ Best personality ဆုကို Greece ၊ Intelligence ဆုကို Hong Kong  ၊ Best Pose ဆုကို Portugal ၊ Face of Beauty ဆုကို South Africa ၊ Best Body ဆုကို Bulgaria  Charming ဆုကို Turkmenistan ၊ Luxury ဆုကို Brazil ၊ Elegance ဆုကို Tatarstan  ၊ Natural Beauty ဆုကို Astana ၊ Most Stylish ဆုကို Croatia ၊ Best Catwalk ဆုကို Philippines ၊ Best Manner ဆုကို Japan ၊ Best Smile ဆုကို India ၊ Leadership ဆုကို South Africa ၊ People's choice ဆုကို Korea ၊ Pure ဆုကို Vietnam တို့မှ အသီးသီး ရရှိခဲ့ကြသဘည်။
 
ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ကျင်းပမည့် World Beauty Queen ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ပထမဆုံး အကြိမ် ဝင်ရောက်ယှဉ်ပြိုင်သည့် ပြိုင်ပွဲတစ်ခုဖြစ်ပြီး Miss Universe Myanmar Organization မှ စေလွှတ် ခြင်း ဖြစ်သည်။
 
World Beauty Queen ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်သည့် အလှမယ်ဂျာဒင်ကိုင် အတွက် ပြိုင်ပွဲဝင် ညနေခင်း ဝတ်စုံ နှင့် Nation Costume ဝတ်စုံများကို ဒီဇိုင်နာဇော်ဆိုင်း (Man made) မှ ဖန်တီး ချုပ်လုပ်ပေးခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required