အမေရိကန်စစ်သင်္ဘော တောင်တရုတ်ပင်လယ်အနီး ရှိနေခြင်းက စစ်ရေးရန်စမှုဟု တရုတ်သတိပေး

အမေရိကန်စစ်သင်္ဘော တောင်တရုတ်ပင်လယ်အနီး ရှိနေခြင်းက စစ်ရေးရန်စမှုဟု တရုတ်သတိပေး

အမေရိကန်စစ်သင်္ဘော တောင်တရုတ်ပင်လယ်အနီးတွင် ရှိနေခြင်းက အခြေအနေမကောင်းသည့် နိုင်ငံရေးရာဖြစ်ပြီး စစ်ရေးရန်စမှုလည်း ဖြစ်သည်ဟုတရုတ်က အမေရိကန်အား သတိပေး ပြောဆိုလိုက်သည်။

တရုတ်နှင့်အတူ အခြားသော နိုင်ငံများ ပိုင်ဆိုက်မှု အငြင်းပွားနေသည့် ပါရာဆယ်ကျွန်းစုမှ တစ်စိတ်တစ်ပိုင်း ဖြစ်သော ထရီတန်ကျွန်းအနီး အမေရိကန် USS Stephen စစ်သင်္ဘောက ရွှက်လွှင့်ခဲ့သည်။

ယင်းကို တရုတ်ဖက်က တု့ုံပြန်ကာ စစ်သင်္ဘောများနှင့်အတူ တိုက်လေယာဉ်များကို ယင်းကျွန်းသို့ စေလွှတ်ခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့ ဖုန်းစကားပြောဆိုခြင်း မတိုင်မီ ယင်းအရေးအခင်း ဖြစ်ပွားခြင်းလည်း ဖြစ်သည်။

အဆိုပါ ဖုန်းပြောဆိုမှုတွင် သမ္မတရှီကျင့်ဖျင်က အနုတ်သဘောလက္ခဏာများသည် အမေရိကန်-တရုတ် ဆက်ဆံရေးအပေါ် သက်ရောက်နေသည် ပြောခဲ့ကြောင်း တရုတ်နိုင်ငံပိုင် ရုပ်မြင်သံကြားက ဖော်ပြခဲ့သည်။

သမ္မတနှစ်ဦး၏ ဖုန်းပြောဆိုခဲ့မှုတွင် အထက်ပါ စစ်သင်္ဘောကိစ္စရပ်နှင့် ပတ်သက်ပြီး ပြောဆိုခဲ့ခြင်း ရှိမရှိကို အိမ်ဖြူတော်က ထုတ်ပြန်ခြင်း မရှိပေ။

အိမ်ဖြူတော် ထုတ်ပြန်ချက်တွင် ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေးကို ဆွေးနွေးခဲ့ကြောင်း ဖော်ပြသည်။

ရေပိုင်နက် အငြင်းပွားနေသော နယ်မြေမှ ကျွန်းများအား တရုတ်က ကျုးကျော်ခြင်းနှင့် နိုင်လိုမင်းထက် ပြုမှုခြင်းများနှင့် ပတ်သက်ကာ အမေရိကန်ဖက်က အကြိမ်ကြိမ် သတိပေးထားသော်လည်း တရုတ်ဖက်ကမူ ၎င်းပိုင်မြေအဖြစ် အခိုင်အမာ အတည်ပြုပြောဆိုထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required