ဒုတိယအကြိမ် တစ်ကိုယ်တော်ဖျော်ဖြေပွဲ ပြုလုပ်မည့်နေ့အား အတည်ပြုခဲ့သည့် BIGBANG အဖွဲ့ဝင် Taeyang

ဒုတိယအကြိမ် တစ်ကိုယ်တော်ဖျော်ဖြေပွဲ ပြုလုပ်မည့်နေ့အား အတည်ပြုခဲ့သည့် BIGBANG အဖွဲ့ဝင် Taeyang

BIGBANG အဖွဲ့ဝင် Taeyang သည် လာမည့် ဇူလိုင်လ ၈ရက်နေ့မှစတင်ပြီး ကမ္ဘာလှည့်၍ တစ်ကိုယ်တော် ဖျော်ဖြေပွဲပြုလုပ်တော့မည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

သူ၏ ကမ္ဘာလှည့်ဖျော်ဖြေပွဲအား Taeyang 2017 World Tour ‘White Night'” ဟု အမည်ပေးထားကာ လောလောဆယ်တွင် ဂျပန်နိုင်ငံ၌ ဖျော်ဖြေပွဲ ၄ခု ပြုလုပ်သွားမည်ဖြစ်ပြီး အခြားမြို့များ၌ ဖျော်ဖြေမည့်နေ့စွဲများ ကို မကြာခင်ထုတ်ပြန်သွားမည်ဖြစ်ကာ စုစုပေါင်းပရိသတ် ၁၄၀၀၀၀ ခန့် လာရောက်ကြည့်ရှုမည်ဟု မျှော်မှန်း ထားသည်။

လွန်ခဲ့သော ၂၀၁၄ခုနှစ်တွင် Taeyang သည် Rise ဟုအမည်ပေးထားသော သူ၏ပထမဦးဆုံး ဂျပန်တေး အယ်လ်ဘမ်တစ်ခုကို ဖြန့်ချီခဲ့ပြီး အောင်မြင်မှုအကြီးအကျယ်ရရှိခဲ့သည်။

Taeyang ၏ ပထမဦးဆုံး ကမ္ဘာလှည့် ဖျော်ဖြေပွဲမှာ “2015 Taeyang World Tour ‘Rise'” ဖြစ်ပြီး ဂျပန်နိုင်ငံ အပါအဝင် အခြား ၈နိုင်ငံဖြစ်သော ဟောင်ကောင်၊ ကိုရီးယား၊ တရုတ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ စင်္ကာပူ နှင့် ထိုင်ဝမ်တို့တွင် ဖျော်ဖြေခဲ့ကာ စုစုပေါင်းပရိသတ် ၁၁၇၄၀၀ ခန့် လာရောက်ကြည့်ရှုခဲ့ကြသည်။

လောလောဆယ်တွင် Tayeang ၏ အေဂျင်စီဖြစ်သော YG က သူ၏တစ်ကိုယ်တော်အယ်လ်ဘမ် ထွက်ရှိတော့ မည်ဖြစ်ကြောင်း အတည်ပြုပေးခဲ့ပြီး သီချင်းဗီဒီယိုများအတွက် အာရုံစိုက် အလုပ်လုပ်နေကြောင်း သိရသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required