ဖျော်ဖြေပွဲဖျက်သိမ်းမှုကြောင့် ၀င်ငွေဒေါ်လာသန်းနှင့်ချီ၍ နစ်နာဖွယ်ရှိသည့် အဒဲလ်

ဖျော်ဖြေပွဲဖျက်သိမ်းမှုကြောင့် ၀င်ငွေဒေါ်လာသန်းနှင့်ချီ၍ နစ်နာဖွယ်ရှိသည့် အဒဲလ်

ဗြိတိန်အဆိုတော်အဒဲလ်သည် ဝမ်ဘလေအားကစားကွင်း၌ တင်ဆက်ရန်ကျန်ရှိနေသေးသော သူမ၏ ဖျော်ဖြေ ပွဲများကို ဖျက်သိမ်းခဲ့မှုကြောင့် ဝင်ငွေဒေါ်လာသန်းနှင့်ချီ၍ နစ်နာဖွယ်ရှိကြောင်း သိရသည်။

အဒဲလ်သည် သူမ၏နောက်ဆုံး ဖျော်ဖြေပွဲကို ဒီဗီဒီရိုက်ကူး၍ Adele Live 2017: The Finale ဟု အမည်ပေး ကာ ကမ္ဘာတစ်ဝှမ်းဖြန့်ချီရန် စီစဉ်ထားပြီး ကင်မရာအလုံး ၁၀၀ခန့်ဖြင့် ထောင့်ပေါင်းစုံမှ ရိုက်ကူးရန် ပြင်ဆင် ထားပြီးပြီဖြစ်ကြောင်း The Sun သတင်းဌာန၏ တင်ပြချက်အရ သိရသည်။

ဒါ့အပြင် အောင်မြင်စွာရိုက်ကူးနိုင်ရန်အတွက် Muse နှင့် Take That တို့ကဲ့သို့သော ဂီတအဖွဲ့များ၏ ဖျော်ဖြေပွဲ ဗွီဒီယိုများကို ရိုက်ကူးပေးခဲ့ဖူးသူ ဒါရိုက်တာမတ်အက်စ်ခမ်ကိုလည်း ငှားရမ်းထားကြောင်း သိရသည်။

သို့သော်လည်း အသက် ၂၉နှစ်အရွယ်ရှိ အဒဲလ်က သူမ၏ လည်ချောင်းဆရာဝန်ဖြစ်သူ၏ အကြံပေးချက်အရ ဖျော်ဖြေပွဲများကို ဖျက်သိမ်းရတော့မည်ဖြစ်ကြောင်း စနေနေ့ မနက်အစောပိုင်းတွင်   ကြေညာခဲ့သည်။

The Sun သို့ သတင်းပေးပို့သူတစ်ဦးက “ဒီဗီဒီခွေကို ကြီးကြီးမားမားကို ထုတ်လုပ်ဖြန့်ချီသွားဖို့ အစီအစဉ်တွေ လည်း ချထားပြီးသားပါ။ ရှေ့ဆက်ပြီးလုပ်ဆောင်ရုံပါပဲ။ ဒါပေမယ့် သူမရဲ့ စိတ်ထဲမှာ သူမရဲ့ အသံပိုင်းဆိုင်ရာ အခြေအနေအတွက် ဖိအားဝင်ခဲ့တာကြောင့် ဝမ်ဘလေကွင်းမှာ ဖျော်ဖြေရန်ကျန်ရှိနေသေးတဲ့ ပွဲနှစ်ပွဲကို ဖျက်သိမ်းခဲ့ရပါတယ်။ အားလုံးဟာ ဒီကိစ္စနဲ့ပက်သက်ပြီး စိတ်ပျက်ခဲ့ကြပါတယ်။ ဒီဗီဒီခွေသာ ရိုက်ကူးလို့ရခဲ့ရင် ကမ္ဘာတစ်ဝှမ်းလုံး ရောင်းရငွေက သန်းနဲ့ချီပြီးတော့ကို ရမှာပါ” ဟု ပြောဆိုခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required