ဒေသခံများကန့်ကွက်နေသည့် သံလွင်မြစ်ပေါ် တည်ဆောက်မည့် ဆည်နှင့်ပတ်သက်ပြီး SMEC ကာကွယ်ပြောဆို

ဒေသခံများကန့်ကွက်နေသည့် သံလွင်မြစ်ပေါ် တည်ဆောက်မည့် ဆည်နှင့်ပတ်သက်ပြီး SMEC ကာကွယ်ပြောဆို

ဒေသခံများက ကန့်ကွက်လျက်ရှိသည့် သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ဆည်နှင့်ပတ်သက်ပြီး Snowy Mountains Engineering Corp (SMEC) က ကာကွယ်ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံ အရှေ့ပိုင်းတွင် တရုတ်၊ မြန်မာနှင့် ထိုင်းကုမ္ပဏီများပူပေါင်းတည်ဆောက်မည့် မဂ္ဂါဝပ် ၇၀၀၀ ထုတ်လုပ်ပေးနိုင်သည့် ဆည်ကို တည်ဆောက်မည့်စီမံကိန်းဖြစ်ပြီး လယ်ယာမြေနှင့် သစ်တောဧရိယာ ၆၇၆ စတုရန်ကီလိုမီတာကို ရေသွင်းယူသွားမည့်ဆည်ဖြစ်သည်။

ရှမ်းပြည်အရှေ့ပိုင်းတွင် တည်ဆောက်သည့် ယင်းဆည်ကို China Three Gorges Corporation နှင့် Thailand's Electricity Generating Authority တို့က ရန်ပုံငွေထည့်ဝင်ထားပြီး Mong Ton ရေအားလျှပ်စစ်စီမံကိန်းအဖြစ်လည်း သိထားသည်။

ဒေသခံအဖွဲ့အစည်းများက ယင်းဆည်ကို အပြင်းအထန်ကန့်ကွက်နေသည့်ကြားက သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးသက်ရောက်မှုများအပေါ် အလေးထားကာ နိုင်ငံတကာအကောင်းဆုံးလုပ်ထုံးများကို လိုက်နာလျက်ရှိသည်ဟု SMEC က ပြောကြားသည်။

ယင်းဆည်သည် ရှမ်းပြည်နယ်တွင်း တိုင်းရင်းသားလက်နက်ကိုင်များနယ်မြေတွင် တည်ရှိနေသည့် ဆည်ဖြစ်ကြောင်း ရှမ်းအဖွဲ့အစည်းများက ပြောသည်။

ဆည်စီမံကိန်းကြောင့် ဒေသခံပြည်သူ ၂၀,၀၀၀ မှ ၃၀၀,၀၀၀ ကြား နေရပ်ပြောင်းရွှေ့ရဖွယ်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required