အိန္ဒိယတွင် ရထားနှစ်စင်း ယှဉ်လျက် လမ်းချော်တိမ်းမှောက်မှုဖြစ်ကာ လူပေါင်း ၂၄ ဦးသေဆုံး

အိန္ဒိယတွင် ရထားနှစ်စင်း ယှဉ်လျက် လမ်းချော်တိမ်းမှောက်မှုဖြစ်ကာ လူပေါင်း ၂၄ ဦးသေဆုံး

အိန္ဒိယနိုင်ငံ မတ်ဒယာပရာဒေ့ရှ်ပြည်နယ်တွင် ရထားနှစ်စင်း ယှဉ်လျက် မိနစ်ပိုင်းအတွင်း လမ်းချော်မှုဖြစ်ပွားရာ လူပေါင်း ၂၄ ဦးသေဆုံးကြောင်း တာဝန်ရှိသူများက ပြောသည်။

ရေကြီးနစ်မြုပ်နေသည့် တံတားပေါ် ယှဉ်လျက်ဖြတ်စဉ် လမ်းချော်မှုဖြစ်ပြီး ရာထားတွဲတစ်ချို့ တံတားအောက်ရေထဲထိုးကျသွားခဲ့သည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ရေမြစ်တက်ပြီး တံတားရေမြုပ်ခဲ့ခြင်းဖြစ်ကြောင်း ရထားလမ်းပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

ဒဏ်ရာရသူ ၂၅ ဦးရှိပြီး လူပေါင်း ၃၀၀ နီးပါးကို ကူညီကယ်ဆယ်ခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြသည်။

ဝါရန်နာစီမှ မွမ်ဘိုင်းသို့ ခုတ်မောင်းလာသည့် ရထားက ဦးစွာ လမ်းချော်ခြင်းဖြစ်ပြီး ဆန့်ကျင်ဖက်အရပ်မှ ခုတ်မောင်းလာသည့် ရထားက နောက်တွင် လမ်းချော်ခြင်းဖြစ်သည်။

ယင်းရထားနှစ်စင်းပေါ် လိုက်ပါလာသည့် ခရီးသည်အရေအတွက် မည်မျှရှိမည်ကို မသိရသေးကြောင်း အိန္ဒိယသတင်းဌာနက ဖော်ပြထားသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required