မြန်မာနိုင်ငံက အစားအသောက်ပုံစံကြောင့် ခွန်အားပြည့် မကစားနိုင်ဟု ဟောင်ကောင်နည်းပြဆို

မြန်မာနိုင်ငံက အစားအသောက်ပုံစံကြောင့် ခွန်အားပြည့် မကစားနိုင်ဟု ဟောင်ကောင်နည်းပြဆို

ဇူလိုင် ၁၊ ရန်ကုန်။     ။ KBZ Bank Cup 2017 ပြိုင်ပွဲဝင်ဟောင်ကောင်ယူ-၂၂အသင်းနည်းပြ ကင်ပန်ဂွန်က မြန်မာနိုင်ငံမှ အစားအသောက်ပုံစံကြောင့် ကစားသမားခွန်အားပြည့် မကစားနိုင်ဟု ပြောသည်။

ဟောင်ကောင်ယူ-၂၂အသင်းမှာ KBZ Bank Cup 2017 ပြိုင်ပွဲအဖွင့်နှစ်ပွဲကစားအပြီးတွင် ဂျပန်တက္ကသိုလ်အသင်းကို ၂ - ၀ ဂိုး၊ မြန်မာယူ-၂၂အသင်းကို ၂ - ၁ ဂိုးတို့ဖြင့်ရှုံးနိမ့်ထားသည်။ မြန်မာနိုင်ငံက အစားအသောက်တွေက အစပ်များတော့ ကျွန်တော့်ကစားသမားတွေအဆင်မပြေဘူး။ ဒီအတွက်ဖြေရှင်းပေးဖို့ တောင်းဆိုထားပေမယ့် ဘယ်သူမှ ဘာမှမလုပ်ပေးသေးပါဘူး။ ဂျပန်တက္ကသိုလ်နဲ့ ပွဲတုန်းကဆိုရင် ကျွန်တော်တို့ မိနစ် ၇၀လောက်ပဲကောင်းကောင်းကစားနိုင်ပါတယ်။ ဟု ကန်ပန်ဂွန်ကပြောသည်။

ဟောင်ကောင်ယူ-၂၂အသင်း၏အစားအသောက်ပုံစံနှင့်ပတ်သက်ပြီး ဟောင်ကောင်ဘောလုံးအဖွဲ့ချုပ် စီအီးအို နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ညှိုနှိုင်းဆောင်ရွက်ပေးပြီးဖြစ်သည် ဟုလည်း   မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတစ်ဦးက ရှင်းလင်းခဲ့သည်။

KBZ Bank Cup 2017 ပြိုင်ပွဲမှာ ဆီးဂိမ်းပြိုင်ပွဲဝင်မည့် မြန်မာယူ-၂၂အသင်းပြင်ဆင်မှုအတွက် ကျင်းပနေသော ပြိုင်ပွဲဖြစ်ပြီး အိမ်ရှင် မြန်မာယူ-၂၂၊ ဟောင်ကောင်ယူ-၂၂၊ ကမ္ဘောဒီးယားယူ-၂၂၊ ဂျပန်တက္ကသိုလ်အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required