စက်ရုပ်များနှင့် လိင်ဆက်ဆံခြင်းက နှစ် ၅၀ အတွင်းဖြစ်လာနိုင်

စက်ရုပ်များနှင့် လိင်ဆက်ဆံခြင်းက နှစ် ၅၀ အတွင်းဖြစ်လာနိုင်

လူများအနေဖြင့် စက်ရုပ်များနှင့် လိင်ဆက်ဆံခြင်းများသည် လာမည့်နှစ် ၅၀ အတွင်း ဖြစ်ပွားပေါ်ပေါက်လာမည်လိမ့်မည်ဖြစ်ကြောင်း ထိပ်တန်းပညာရှင်တစ်ဦးက ပြောသည်။

ဆန်းဒါးလန်းတက္ကသိုလ်မှ ဒေါက်တာဟယ်လန်ဒရီစကိုးက နည်းပညာအဆင့်မြင့်မှုများက လူသားများနှင့် စက်ရုပ်များကြား လိင်ချစ်တင်းနှောခြင်းဆီ လာမည့်နှစ်များအတွင်း ဦးတည်ပေါ်ပေါက်လာ မည်ဖြစ် သည်ဟု ပြောခြင်းဖြစ်သည်။

လိင်နှင့်ဆက်ဆံရေးနှီးနှောမှုရေးရာ စိတ္တဗေဒသုတေသနအဖွဲ့၏ ဦးဆောင်သူဖြစ်သည့် ဒေါက်တာဟယ်လန်က လိင်ပိုင်းဆိုင်ရာနည်းပညာတီထွင်မှုတွေ တိုးတက်လာကြောင်း၊ လာမည့် ၂၀၇၀ မတိုင်မီ ကာလမှာပဲ လူများက စက်ရုံများနှင့် လိင်ဆက်ဆံနိုင်တဲ့အဖြစ်ဆီ ရောက်ရှိလိမ့်မည်ဖြစ်ကြောင်း ပြောသည်။

လက်ရှိကာလတွင်လည်း လိင်အဖော်အရုပ်များကို အွန်လိုင်းမှတစ်ဆင့်ဝယ်ယူနိုင်နေပြီဖြစ်ပြီး ယင်းအရုပ်များလည်း ကောင်းမွန်သထက်ကောင်းမွန်အောင်ထုတ်လုပ်လာနိုင်နေပြီဖြစ်သည်။ စက်ရုပ်၊ အပြန်အလှန်ဆက်ဆံမှုနှင့် အာရုံခံစားမှုနည်းပညာရပ်များက လိင်ကာမဂုဏ်ပိုင်းနယ်ပယ်ကို ဦးတည်ပြီး ပိုမိုတီထွင်မှုများက လာမည့်နှစ်အနည်းငယ်အတွင်းမှာပဲ ပိုမိုများပြားလာမည်ဖြစ်သည်။

”လိင်အဖော်အရုပ်တွေကနေ လှုပ်ရှားသက်ဝင်တဲ့ ဆက်ဆံဖော်တွေအဖြစ် စက်ရုပ်နည်းပညာနဲ့ တီထွင်လာမှာဖြစ်တယ်။”ဟု ဒေါက်တာ ဟယ်လန်ကပြောကြားခဲ့သည်။

Ref: Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required