ရာအိမ်မှူးနှင့် အဖွဲ့အား ဓားရှည်ကိုင်လူ ၁၅ဦး ဝိုင်းဝန်းခုတ်သတ်မှုဖြစ်ပွား

ရာအိမ်မှူးနှင့် အဖွဲ့အား ဓားရှည်ကိုင်လူ ၁၅ဦး ဝိုင်းဝန်းခုတ်သတ်မှုဖြစ်ပွား

ဇူလိုင် ၁ ။             ။ ယမန်နေ့ ဇွန်လ ၃၀ ရက်က မောင်တောမြို့နယ်တွင် ရာအိမ်မှူးနှင့် အဖွဲ့အား ဓားရှည် ကိုယ်စီကိုင်ဆောင်ထားသော လူ ၁၅ ဦးခန့်က ပုဇွန်ဒိုင်အတွင်း ဝင်ရောက်ပြီး ဝိုင်းဝန်းခုတ်သတ်မှု ဖြစ်ပွားခဲ့သည်။

မောင်တောမြို့နယ်၊ ပေါင်းဇားကျေးရွာအုပ်စု ပြင်ဖြူ ကျေးရွာ ပြင်ဖြူ လမ်းဆုံ ဈေးတန်းတွင်ရှိသည့် ပုဇွန်ဒိုင်တွင် ဇွန် ၃၀ ရက် နံနက် ၉ နာရီ၁၅ မိနစ် က မာမတ်အာရပ်ဖ် ၃၉ နှစ်၊ မာမတ်အီနူး ၃၅ နှစ်၊ပြင်ဖြူ ရာအိမ်မှူး မာမွတ်တာမောက် ၅၃ နှစ်၊ အဒူရောကိန်း ၄၅ နှစ်၊ ပေါင်းဇားရွာနေ ပုဇွန်ဒိုင် စာရေး မောင်စိုး၂၁ နှစ်နှင့် အဒူရှူကူ တို့အတူရှိနေစဉ် လဘော်ဇားကျေးရွာဘက်မှ ဓားရှည် ကိုယ်စီကိုင်ဆောင်ထားသော လူ ၁၅ ဦးခန့် က ပုဇွန်ဒိုင်အတွင်း ဝင်ရောက်ပြီး ဝိုင်းဝန်းခုတ်သတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်သည်။

ဓားရှည်ဖြင့် ဝိုင်းဝန်းခုတ်မှုကြောင့် ပေါင်းဇားရွာသား မာမတ်အာရပ်ဖ် နှင့် မာမတ်အီနူး တို့နှစ်ဦးမှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး မည်သည့်အတွက်ကြောင့် ဓားဖြင့်ခုတ်ရကြောင်း မသိရှိရသေးပေ။

ရာအိမ်မှူးမာမွတ်တာမောက် မှာ ယာပါးပြင်ပြတ်ရှဒဏ်ရာ နှင့်ဝဲလက်ကောက်ဝတ်ကျိူး ဒဏ်ရာ များ ရရှိခဲ့ပြီး(မစိုးရိမ်ရ) ပုဇွန်ဒိုင်စာရေး အဒူရော်ကိန်းနှင့်မောင်စိုးတို့ နှစ်ဦးသည် ဒဏ်ရာမရရှိဘဲ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဓားရှည်ကိုင်ဆောင်သည့် အဖွဲ့သည် လဘော်ဇားကျေးရွာဘက်သို့ ထွက်ပြေးသွားကြောင်း သိရှိရပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ပြင်ဖြူ နယ်မြေရဲစခန်း၌ အမှုဖွင့် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly