နဝဒေးသကြားစက်မှ အလုပ်ထုတ်ခံရသော အလုပ်သမားများ နစ်နာကြေးငွေ အပြည့်အဝရရှိမည်

နဝဒေးသကြားစက်မှ အလုပ်ထုတ်ခံရသော အလုပ်သမားများ နစ်နာကြေးငွေ အပြည့်အဝရရှိမည်

ဇွန်လ ၃၀၊ ပြည် ။            ။ ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ အမှတ်(၁၂) နဝေဒေးသကြားစက်ရုံ မှ အလုပ်ထုတ်ခံရသော အလုပ်သမားများ တောင်းဆိုထားသည့် နစ်နာကြေးလျော်ကြေးငွေများ အလုပ်ရှင်မှ ပေးရန် အလုပ်သမားခုံသမာဓိကောင်စီက အမိန့်ချမှတ်ခဲ့ကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်သူ ကိုဇော်ထွန်း (HRDP) က ဇွန်လ  ၃၀ ရက်တွင် ပြောသည်။

“ အလုပ်သမားတွေ တောင်းဆိုထားတဲ့ နစ်နာကြေး အပြည့်အ၀ ရပါတယ် ။ အလုပ်သမားခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက်အမိန့်ရပါပြီ”ဟု အလုပ်သမားအရေး ကူညီဆောင်ရွက်သူ ကိုဇော်ထွန်း (HRDP) က ပြောသည်။

အမိန့်စာတွင် အလုပ်သမား ဦးအောင်ကိုမင်း၊ ဦးဆန်းဝင်းကိုပါ အလုပ်သမား (၃၂) ဦး၏ ခုံသမာဓိကောင်စီသို့ လျှောက်ထားမှုနှင့်စပ်လျဉ်း၍ ဥပဒေနှင့်အညီ အောက်ပါအတိုင်း ဆောင်ရွက်ရမည်ဟု ဆုံးဖြတ်ချက် ချလိုက်သည်။(၁) အနည်းဆုံးအခကြေးငွေအောက် လျော့နည်း၍ရရှိသော လစာ ပြန်လည်ရရှိရန် (၂) အချိန်ပိုကြေးများ ပြည်လည်ရရှိရန် ၊ (၃) နိုဝင်ဘာလမှ ဧပြီလ (ရာသီချိန်)အတွင်း ရက်သတ္တပတ် လျှင်တစ်ရက်ပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များတွင် အနားမရဘဲ အလုပ် လုပ်ခဲ့ရသည့် လုပ်ခများ ပြန်လည်ရရှိရန်(၄) အလုပ်ခန့် ထားမှုဆိုင်ရာသဘောတူ စာချုပ်ချုပ်ဆိုရန် ပျက်ကွက်သူ အလုပ်ရှင်အား ဥပဒေအရ အရေးယူရန် တို့ပါရှိသည်။

ပြည်မြို့နယ် ကုန်းသလင်းကျေးရွာ အုပ်စု မြရွာကျေးရွာ အမှတ် (၁၂) နဝဒေးသကြားစက်တွင် မတ်လ အတွင်းက စက်ရုံအလုပ်သမား ၄၄ ဦးကို လုပ်သားလျော့အင်အားလျော့သည့် အနေဖြင့် အလုပ်ရပ်နားခဲ့သည်။

အလုပ်သမားများက  လုပ်သက်ဆု ၊ လုပ်အားဆု ၊  အချိန်ပိုကြေး များရလို ကြောင်း တိုင်ကြားခဲ့ ကြပြီး ပြည်မြို့နယ် အလုပ်သမားညှိနှိုင်းဖြန်ဖြေရေးအဖွဲ့က သုံးကြိမ်တိုင် ၊ ပဲခူးတိုင်း အလုပ်သမား ခုံသမာဓိကောင်စီတွင် တစ်ကြိမ် စစ်ဆေးခဲ့သည်။ အလုပ်သမားများက မေလ ၁၅ ရက်နေ့တွင် ဆန္ဒပြတောင်းဆိုမှု တစ်ရပ်ပြုလုပ်ခဲ့သေးသည်။

နဝဒေးသကြားစက်ကို ၁၉၉၇ ခုနှစ်က စတင်လည်ပတ်ခဲ့ပြီး Sutech manufacturing ကုမ္ပဏီလိမိတက်က ၅၅ ရာခိုင်နှုန်း၊ အစိုးရမှ ၄၅ ရာခိုင်နှုန်း အစုစပ်လုပ်ကိုင်ခဲ့ကာ သကြားစက်တွင် အလုပ်သမား ၂၇၃ ဦး ရှိပြီး လုပ်သားတစ်ဦး၏  အခြေခံလစာ ၄၅၀၀၀ ၊ ပံ့ပိုးငွေ ၇၅၀၀၀ ရရှိပြီး အချိန်ပိုကြေး တစ်နာရီ ၄၃၂ကျပ် ရရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required