Original Gangster 2 ရုပ်ရှင် ဇာတ်ကား ဇူလိုင် ရရက်တွင် ရုံတင် ပြသမည်

Original Gangster 2 ရုပ်ရှင် ဇာတ်ကား ဇူလိုင် ရရက်တွင် ရုံတင် ပြသမည်

ရန်ကုန် ၊ ဇွန် ၂၉ ။           ။ ဒါရိုက်တာ ဂျိုး ရိုက်ကူးထားသည့် Original Gangster 2 ရုပ်ရှင် ဇာတ်ကား ကြီးကို ဇူလိုင်လ ၇ရက်မှ စတင်ပြီး မြန်မာနိုင်ငံရှိ ရုပ်ရှင်ရုံများတွင် ပြသတော့မည် ဖြစ်သည်။

Original Gangster အဖြစ် ဗီဒီယို ဇာတ်ကား ထွက်ရှိခဲ့သလို Original Gangster 2 ကတော့ ရုပ်ရှင်ဇာတ် ကားအဖြစ် ဒါရိုက်တာမှ ပုံဖော်ရိုက်ကူးထားခြင်းဖြစ်ပြီး ရိုက်နေကျ ဇာတ်ရုပ်တွေထဲမှ ခွဲထွက်ထားသည့် ဇာတ်ကားတစ်ကားလည်း ဖြစ်သည်။

Original Gangster (2) ရုပ်ရှင်ဇာတ်ကားကြီးတွင် ဇာတ်လမ်း ယုန်လေး၊ ဇာတ်ညွန်း မင်းညီ၊ ဂျိုး ဖြစ်ပြီး ဒါရိုက်တာဂျိုးက ပုံဖော်ရိုက်ကူးကာ သရုပ်ဆောင်များအဖြစ် မြင့်မြတ် ၊ ယုန်လေး ၊ ဇင်ဝိုင်း ၊ ခင်လှိုင်၊ ယုသန္တာတင်၊ ပန်းအိ (Supermodel) ၊  ကလေးသရုပ်ဆောင် ( ထက်ထက်၊ သားသား )တို့အပြင် ဧည့်သည် သရုပ်ဆောင်များအဖြစ် အကယ်ဒမီထွန်းထွန်း ၊ K ညီ ၊ ခင်ဝင့်ဝါ ၊ စိုးနန္ဒာကျော် ၊ ထားထက်ထက် ၊ ခိုင်သဇင်ငုဝါ၊ နှင်းနန္ဒီချို ၊ နန်းဝေဝေထွန်းတို့က ပါဝင် သရုပ်ဆောင်ထားကြသည်။

ဒါရိုက်တာ ဂျိုး က“ ဒီရုပ်ရှင်ကားဟာ ကျွန်တော်တို့တွေ အားလုံး အစွမ်းကုန်ကြိုးစားထားကြတဲ့ဇာတ်ကား ဖြစ်သလို ရိုက်နေကြ ဇာတ်ရုပ်တွေ ထဲကနေ ခွဲထွက် ထားတဲ့ ဇာတ်ကား တစ်ကားဆိုရင် ပိုမှန်ပါတယ်။ Original Gangster ဆိုပီး ပထမ ဗီဒီယိုဇာတ်ကား အဖြစ် ထွက်ရှိထားတဲ့ ဇာတ်ကားကို ကြည့်ဖူးတဲ့သူတိုင်းလည်း သိပါတယ်။ ၁ ထက် ၂ ကိုပိုကောင်းအောင် အကောင်းဆုံး အစွမ်းကုန် ပုံဖော်နိုင်ခဲ့ပါတယ်။ အကောင်းဆုံး ရိုက်ကူးနိုင် ခဲ့ပါတယ်။ ဒါပေမယ့် ပရိသတ် များသိတဲ့အတိုင်း ရုံတင်ဖို့အတွက် ပြောင်းလဲနေတဲ့ စနစ်အောက်မှာ ကျွန်တော်တို့ ရုပ်ရှင်ကားကြီးဟာ အချိန်ကြန့်ကြာခဲ့ရ ပါတယ်။ ခုတော့ မကြာခင်မှာ ရုံရှင်များရဲ့ကျေးဇူးကြောင့် ပရိသတ်ကို ချပြနိုင်ခွင့်ရပြါပီ” ဟု ရေးသား ထားသည်။

Original Gangster ဇာတ်ကားသည် ဗီဒီယို ဇာတ်ကားတွင်လည်း ပရိသတ် အားပေးမှု ရခဲ့သလို ယခု Original Gangster (2) ရုပ်ရှင်ဇာတ်ကားကို ရုံတင်မပြသခင် ဖေ့ဘုတ်၌  နမူနာ တင်ခဲ့သည့်အချိန်တွင်လည်း ပရိသတ် အားပေးမှု ရရှိထားသည့် ဇာတ်ကားဖြစ်သည်။

အက်ရှင်ဇာတ်ကြမ်းကား တစ်ကားဖြစ်ပြီး ထိုရုပ်ရှင်ဇာတ်ကား၏ ဇာတ်ဝင်ခန်း တစ်ခုကို ရန်ကုန်မြစ်ထဲတွင် သွားရောက် ရိုက်ကူးထားကာ ထိုဇာတ်ဝင်ခန်းအတွက် သရုပ်ဆောင် မြင့်မြတ်က ဇာတ်ရုပ် ပီပြင်ရန် လူစားမထိုး ၊ အသက်ကယ် အကျီၤ မဝတ်ဘဲ ဂျပ်စကီး (Jeski) စီးပြီး သရုပ်ဆောင်ထားတာကိုလည်း ပရိသတ်များ တွေ့မြင် ရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required