အငှားကိုယ်ဝန်ဆောင်သားနှစ်ယောက် မွေးဖွားထားတယ်လို့ ၀န်ခံလိုက်တဲ့ စီရော်နယ်ဒို

အငှားကိုယ်ဝန်ဆောင်သားနှစ်ယောက် မွေးဖွားထားတယ်လို့ ၀န်ခံလိုက်တဲ့ စီရော်နယ်ဒို

ဇွန် ၂၉၊ ရုရှား ။          ။ ရီးယဲလ်နဲ့ပေါ်တူဂီ တိုက်စစ်မှူးစီရော်နယ်ဒိုက အငှားကိုယ်ဝန်ဆောင်သားနှစ်ယောက် မွေးဖွားထားတယ်လို့ ဝန်ခံလိုက်ပြီ ဖြစ်ပါတယ်။ ဒီသတင်းတွေထွက်ပေါ်ခဲ့တာ လပိုင်းလောက်ရှိပြီဖြစ်ပေမယ့် စီရော်နယ်ဒိုက အခုမှ တရားဝင်ဝန်ခံလိုက်တာပါ။

ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲမှာ ပေါ်တူဂီအသင်းက ချီလီအသင်းကို ပင်နယ်တီအဆုံးအဖြတ်မှာ ၃-၀ ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် စီရော်နယ်ဒိုက ဒီသတင်းကို ဝန်ခံလိုက်တာ ဖြစ်ပါတယ်။   ပေါ်တူဂီအသင်းဟာ ချီလီကို ရှုံးခဲ့တာကြောင့် ဂျာမနီနဲ့မက္ကဆီကိုတို့ပွဲက ရှုံးနိမ့်တဲ့အသင်းနဲ့ တတိယနေရာလုပွဲ ကစားရတော့မှာပါ။

ပေါ်တူဂီအသင်းရှုံးနိမ့်ခဲ့တာကြောင့် စီရော်နယ်ဒိုဟာ အသင်းတာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်နဲ့ တတိယနေရာလုပွဲကို ဆက်လက်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘဲ သူ့ရဲ့အငှားကိုယ်ဝန်ဆောင် သားနှစ်ယောက်ကိုသွားတွေ့တော့မှာ ဖြစ်ပါတယ်။

‘ကျွန်တော့်ရဲ့သားနှစ်ယောက် မွေးဖွားခဲ့တာတောင် ပေါ်တူဂီအသင်းအတွက် စိတ်ရော၊ ကိုယ်ပါ ပေးဆပ်ကစားခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းခဲ့ဘဲ ကျွန်တော်တို့ရဲ့ရည်မှန်းချက်ကိုရောက်အောင် မသွားနိုင်ခဲ့ပါဘူး။

ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတွေရဲ့ ဒီနေ့သဘောထားက ကျွန်တော့်ကို လှိုက်လှိုက်လှဲလှဲ ခံစားရစေပါတယ်။ ကျွန်တော်ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။

ကျွန်တော့်ရဲ့ကလေးတွေကို ပထမဆုံးတွေ့ရတော့မှာဖြစ်လို့ ပျော်ပါတယ်’ လို့ စီရော်နယ်ဒိုက ပြောပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုရဲ့ ပထမသားမှာ ခရစ္စတီယာနိုရော်နယ်ဒိုဂျူနီယာဖြစ်ပြီး အခုအချိန်မှာ အသက် ၇ နှစ်အရွယ်ရှိနေပြီ ဖြစ်ပါတယ်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required