ပခုက္ကူတွင်​ လူငယ်​တစ်​ဦးထံမှ မူးယစ်​​ဆေးပြား ၉ပြား ဖမ်​းမိ

ပခုက္ကူတွင်​ လူငယ်​တစ်​ဦးထံမှ မူးယစ်​​ဆေးပြား ၉ပြား ဖမ်​းမိ

ပခုက္ကူ၊ဇွန် ၂၉ ။                    ။ ပခုက္ကူမြို့၊အမှတ် ၄ ရပ်ကွက် သီရီမင်္ဂလာလမ်းနေ လူငယ်တစ်ဦးထံမှ မူးယစ်ဆေးပြား ၉ ပြား ဖမ်းဆီးရရှိခဲ့ကြောင်း ပခုက္ကူမြို့မရဲစခန်းမှ သိရသည်။

"နေအိမ်မှာ မူးယစ်ဆေးဝါးတွေ ရောင်းဝယ်သုံးစွဲနေကြောင်း သတင်းရရှိလို့၊အဖွဲ့စုံ ပူးပေါင်းပြီး ဖမ်းဝရမ်းနဲ့ ဝင်ရောက်ရှာဖွေခဲ့တာပါ"ဟု တာဝန်ရှိသူ ရဲအရာရှိက ဆိုသည်။

ယင်းကဲ့သို့ရှာဖွေဖမ်းဆီးရေးအတွက် ပခုက္ကူမြို့နယ်ရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါးဖမ်းဝရမ်း အမှတ်စဉ် ၁/၂၀၁၇ဖြင့် ခရိုင်ဒုစရိုက်နှိမ်နှင်းရေးအဖွဲ့၊မူးယစ်ရဲတပ်ဖွဲ့ ပခုက္ကူတပ်စွယ်မှတာဝန်ရှိသူများ၊နယ်ထိန်းရဲများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် သက်သေများ ပါဝင်ခဲ့ကြောင်းသိရသည်။

ဖမ်းဆီးရရှိသည့် မူးယစ်ဆေးဝါးများမှာ စိတ်ကြွရူးသွပ်ဆေးပြားဟု ယူဆရသည့် အစိမ်းရောင် မူးယစ်ဆေးပြား ၁ပြားနှင့် 88နံပါတ်ပါ ပန်းရောင်မူးယစ်ဆေးဝါး ၈ပြားတို့ဖြစ်ပြီး မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများလည်း ဖမ်းဆီးရရှိခဲ့ကြောင်း ပခုက္ကူမြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ မူးယစ်(ပ) ၁/၂၀၁၇၊ မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅/၁၆ အရ ပခုက္ကူမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly