သဘာဝဘေးအပေါ် တုန့်ပြန်မှုအားနည်းခဲ့ကြောင်းမြန်မာ အစိုးရဝန်ခံ

သဘာဝဘေးအပေါ် တုန့်ပြန်မှုအားနည်းခဲ့ကြောင်းမြန်မာ အစိုးရဝန်ခံ

သြဂုတ် ၄ ရက် ။         ။ သြဂုတ်လ ၃ရက်နေ့က နိုင်ငံပိုင်မီဒီယာ ၏ပြောကြားချက်အရ ရေကြီးရေလျှံမှုများအပေါ် တုန့်ပြန်မှု အားနည်းခဲ့သည် ဟုမြန်မာအစိုးရက ဝန်ခံသွားခဲ့ပြီး ၊နိုင်ငံအနှံ့အပြား တွင်ရေလွှမ်းမိုးနေသောကြောင့် ဘေးလွတ်ရာရွှေ့ပြောင်းရေးလုပ်ငန်းများ နှောင့်နှေးရကာ နောက်ထပ်ရေကြီးမှုများလည်း ဖြစ်ပေါ်လာနိုင်သည်ဟု သတိပေးထားသည်။

ပုံမှန်မဟုတ်သည့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ဖြစ်ပွားရသည့် ရုတ်တရက် ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် အနည်းဆုံး လူ ၄၆ ဦး သေဆုံးခဲ့ရပြီဖြစ်ပြီး၊ လူပေါင်း ၂၁၅၀၀၀ ဝန်းကျင်ရေဘေးသင့် လျှက်ရှိကာနိုင်ငံ၏ ကြီးမားလှသော ဧရိယာကြီးမှာ ရေမြှုပ်လျှက်ရှိသည်။

ယခင် စစ်ဗိုလ်ချုပ်ဟောင်းများက ခေါင်းဆောင်နေသည့် အစိုးရမှာ သဘာဝကပ်ဘေး၏ ပမာဏကို လျှော့တွက် ခဲ့ပြီး၊ ကျအံ့ဆဲဆဲကပ်ဘေးကို မြန်မြန်ဆန်ဆန် သတိပေးနိုင်ခြင်းမရှိခဲ့ ဟုဝေဖန်သံများမြင့် တက်လာနေခဲ့ရာမှာ ယခုကဲ့သို့ တုန့်ပြန်မှုအားနည်းခဲ့ကြောင်း ရှားရှားပါးပါး ဝန်ခံအသိအမှတ်ပြုလာခဲ့ခြင်းပင် ဖြစ်သည်။  

''သဘာဝဘေးအန္တရာယ်အပေါ် အစိုးရရဲ့ အားနည်းတဲ့တုံ့ပြန်မှုက ကယ်ဆယ်ရေးလှုပ်ရှားမှုတွေအပေါ် အခုလို နားလည်မှုလွဲစေခဲ့တာပါ။'' ဟု အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်ကပြောကြောင်းနိုင်ငံ ပိုင်သတင်းစာ Global New Light of Myanmar တွင် ဖော်ပြထားသည်။

မြန်မာအစိုးရက ရခိုင်၊ ချင်း ပြည်နယ်နှင့် စစ်ကိုင်း၊ မကွေးတိုင်းတို့ သဘာဝဘေးသင့်ဒေသများအဖြစ် သတ်မှတ်ခဲ့သည်။

သတင်းဖြစ်ပွားရာနေရာတွင် ရောက်ရှိနေသည့် အေအက်ဖ်ပီသတင်းထောက်၏ ပြောကြားချက်အရ သြဂုတ်လ ၄ ရက်နေ့က ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် စစ်သားများမှာ ရဟတ်ယာဉ်များပေါ်သို့ ကူညီထောက်ပံ့ရေး ပစ္စည်းများကို ထမ်းတင်လျှက်ရှိကြပြီး၊ ကယ်ဆယ်ရေးသမားများမှာ ဆိုင်ကလုန်းမုန်တိုင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုဒဏ် ခံနေကြရသော ဝေးခေါင်သည့်ရွာများသို့ ရောက်ရှိနိုင်ရန် ရုန်းကန်နေကြရသည်ဟုသိရသည်။

မြန်မာနိုင်ငံ၏ ယခင်စစ်အစိုးရမှာ လူပေါင်း ၁၄၀၀၀၀ နီးပါး သေဆုံးခဲ့ရသည့် ၂၀၀၈ခုနှစ် မေလက ဆိုင်ကလုန်း နာဂစ်ကို ရက်ရက်စက်စက် မတုန်မလှုပ်နှင့် တုန့်ပြန်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။

Source – AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly