မသန်စွမ်းကလေးငယ်များအတွက် ရှေးဦးပြုစုပျိုးထောင်ခြင်းရည်မှန်းချက် အစီရင်ခံစာထုတ်ပြန်

မသန်စွမ်းကလေးငယ်များအတွက် ရှေးဦးပြုစုပျိုးထောင်ခြင်းရည်မှန်းချက် အစီရင်ခံစာထုတ်ပြန်

ရန်ကုန်၊ဇွန် ၂၈ ။         ။ မသန်စွမ်းကလေးငယ်များအတွက် ရှေးဦးပြုစုပျိုးထောင်ခြင်း ရည်မှန်းချက်အစီရင်ခံစာ စာတမ်းနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲတစ်ခုကို ဧဒင်မသန်စွမ်းသက်ငယ်များ   ပြုစုရာရိပ်မြုံမှ ဦးဆောင်ပြီး ရန်ကုန်မြို့၊ စင်ထရယ်ဟိုတယ်၌ ဇွန်လ(၂၈)ရက်နေ့က ပြုလုပ်ခဲ့သည်။

စီမံကိန်းသက်တမ်းမှာ ၆နှစ်အောက် မသန်စွမ်းကလေးငယ်များအတွက် လိုအပ်နေသောကူအညီပေးသည့် စီမံကိန်းဖြစ်ပြီး ၂၀၁၆ မေလ မှစ၍ ၁၈လကြာပြုလုပ်မည့် စီမံကိန်းဖြစ်သည်။

အဆိုပါ စီမံကိန်းတွင် မသန်စွမ်းကလေးငယ်များကို ပြုစုစောင့်ရှောင့်နိုင်ရေးအတွက် သက်ဆိုင်ရာမိဘများကို ပြန်လည်သင်ကြားပေးသည့် အစီစဉ်များ ပါဝင်သည်။ ထိုကဲ့သို့ သင်တန်းပေးမှုကို ရန်ကုန်မြို့အတွင်းရှိ လှိုင်သာယာ၊ ကမာရွတ်၊ ရွှေပြည်သာ၊ လှိုင် နှင့် အင်းစိန်မြို့များတွင် လည်းကောင်း ဧရာဝတီတိုင်းတွင် ပုသိမ်မြို့နှင့် ကရင်ပြည်နယ် ဘားအံမြို့များ ပါဝင်မည်ဖြစ်သည်။

"ထူးခြားချက်က ကျောင်းကိုလာစရာမလိုဘူး သူတို့ရှိတဲ့ရပ်ကွက်ထဲမှာ လူ့အဖွဲ့အစည်းထဲမှာ ဝန်ဆောင်မှုကိုပေးတယ် ပေးတယ်ဆိုတာကလည်း အဲ့မှာရှိတဲ့ကျွမ်းကျင်သူတွေကလည်း မသန်စွမ်းကလေးတွေကို တိုက်ရိုက်ဝန်ဆောင်မှုပေးတာမဟုတ်ဘဲ မိဘတွေလိုအပ်တဲ့ အခြေခံပြုစုနည်းပေးပြီး မိဘတွေကလိုအပ်တဲ့ ဝန်ဆောင်မှုရရှိပြီး ကလေးတွေကို အကောင်းဆုံးပေးနိုင်ဖို့"ဟု ဧဒင်မသန်စွမ်းသက်ငယ်များ ပြုစုရာရိပ်မြုံမှ မန်းနေးဂျင်းဒါရိုက်တာ ဦးထာအုပ်က ဆိုသည်။

လက်ရှိတွင် အဆိုပါ မြို့နယ် ၇ခု၌ စစ်တမ်းကောက်ခံမှုအရ အသက်ခြောက်နှစ်အောက် မသန်စွမ်းကလေးသူငယ်အားလုံးသည် ရှေးဦးပြုစုပျိုးထောင်ခြင်းကို မရရှိခဲ့သည့်အတွက် ယင်းမြို့နယ် ၇ခုတွင် Diplomatic Mission Of Myanmar၏ ငွေကြေးကူညီပံ့ပိုးမှုဖြင့် ဧဒင်ရိပ်မြုံက မသန်စွမ်းကလေးငယ် တစ်ရာနှစ်ဆယ့်ခြောက်ဦးကို ထောက်ပံ့ပေးနေပြီ ဖြစ်သည်။

၂၀၁၄ခုနှစ်မှာ လူမှုဝန်ထမ်းနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနသည် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးမူဝါဒ(၂၀၁၇-၂၁)ကို သဘောတူလက်ခံခဲ့သည်။ ၂၀၁၇ခုနှစ် ဧပြီလ၌ အဆိုပါ ကလေးသူငယ်ဖွံ့ဖြိုးရေး အခြေအနေတိုင်းတာစစ်ဆေးမှုနှင့် ပြည်လည်ထူထောင်ရေးအတွက် နိုင်ငံတော်အဆင့်မဟာဗျုဟာလုပ်ငန်းစဉ်အဖြစ် ချမှတ်ဖော်ဆောင်ခဲ့သည်။ မြန်မာနိုင်ငံ၌မွေးကင်းစမှ အသက်၁၄နှစ်အတွင်း ကလေးသူငယ်ဦးရေသည် ၁၄,၃၉၉,၅၆၉(တစ်ဆယ့်လေးသန်းကျော်)ဦး ရှိနေပြီး ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြည်လည်ထူထောင်ရေးဆိုင်ရာ မဟာဗျုဟာအရ မသန်စွမ်းကလေးငယ် အနည်းဆုံး(၇)ရာခိုင်နူန်းရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required