ဗြိတိန်၏ လေယာဉ်တင်သင်္ဘောသစ်ကြီး ပထမဆုံးအကြိမ် စမ်းသပ်ခုတ်မောင်း

ဗြိတိန်၏ လေယာဉ်တင်သင်္ဘောသစ်ကြီး ပထမဆုံးအကြိမ် စမ်းသပ်ခုတ်မောင်း

ဇွန် ၂၈ ။                  ။ ဗြိတိန်တို့ရဲ့ လေယာဉ်တင်သင်္ဘောသစ်ကြီး HMS Queen Elizabeth ကို ဇွန်လ ၂၆ ရက်က စကော့တလန်မှာ ပထမဆုံး စမ်းသပ်မောင်းနှင်ခဲ့တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ဗြိတိန်တော်ဝင်ရေတပ်က တည်ဆောက်ခဲ့သမျှ သင်္ဘောတွေထဲမှာ အကြီးမားဆုံးနဲ့ စွမ်းအားအမြင့်ဆုံးသော ယင်းသင်္ဘောကြီးဟာ အရှည် ၂၈၀ မီတာ (၉၁၉ ပေ) နဲ့ တန်ချိန် ၆၅,၀၀၀ ရှိတယ်လို့လည်း သိရပါတယ်။

ယင်း HMS Queen Elizabeth လေယာဉ်တင်သင်္ဘောကြီး တည်ဆောက်မှုကုန်ကျစရိတ် ပေါင် ၃ ဘီလီယံ ( ယူရို ၃ ဒသမ ၄ ဘီလီယံ၊ ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံ) ကုန်ကျခဲ့ပြီး လုပ်သားဝန်ထမ်းပေါင်း ၁၀,၀၀၀ နဲ့ တည်ဆောက်ခဲ့ရတာဖြစ်ပါတယ်။

ဒါ့အပြင် ယင်း သင်္ဘောကြီးဟာ သင်္ဘောအမှုထမ်း ၁,၀၀၀ နဲ့ လေယာဉ်အစင်း ၄၀ တင်ဆောင်သွားလာနိုင်မယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ တုန်းက အစိုးရအနေနဲ ခြိုးခြံချွေတာရေးအစီအစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် ယခင်သင်္ဘောတွေကို ဖျက်သိမ်းတာတွေ လုပ်ခဲ့ပြီးနောက် ဗြိတိန်တို့အနေနဲ့ လေယာဉ်တင်သင်္ဘောကြီးနဲ့ တိုက်ခိုက်နိုင်စွမ်း မရှိဘဲဖြစ်နေခဲ့ပါတယ်။

ယခုတည်ဆောက်ခဲ့တဲ့ လေယာဉ်တင်သင်္ဘောကြီးကိုတော့ နွေရာသီတစ်လျှောက်လုံး ပင်လယ်ပြင်စမ်းသပ်မောင်းနှင်မှု တွေလုပ်သွားမှာဖြစ်ပြီး ပြီးသွားရင်တော့ ယခုနှစ်ကုန်ပိုင်းလောက်မှာ ပို့စ်မောက်မြို့က တော်ဝင်ရေတပ်အခြေစိုက်စခန်းမှာ ပြန်လည်ထားရှိမှာဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required