ကမ္ဘာတစ်ဝှမ်း အသုံးပြုသူဦးရေ ၂ ဘီလီယံထိ ရှိပြီဖြစ်တဲ့ Facebook

ကမ္ဘာတစ်ဝှမ်း အသုံးပြုသူဦးရေ ၂ ဘီလီယံထိ ရှိပြီဖြစ်တဲ့ Facebook

 ဇွန် ၂၈ ။             ။ နာမည်ကျော်လူမှုကွန်ရက် Facebook ကို ကမ္ဘာတစ်ဝှမ်း လစဉ် အသုံးပြုသူဦးရေ  ၂ ဘီလီယံထိ ရှိနေပြီ ဖြစ်တယ်လို့ ကုမ္ပဏီ ပူးတွဲတည်ထောင်သူ မာခ့် ဇူကာဘတ်က ဇွန်လ ၂၇ ရက်မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်အထိ အဆိုပါလူမှုကွန်ရက်ဝန်ဆောင်မှုကို လစဉ် အသုံးပြုသူ လူပေါင်း ၁ ဒသမ ၉၄ ဘီလီယံထိ ရှိခဲ့ပြီး ယင်းဟာ လွန်ခဲ့တဲ့အစောပိုင်းတစ်နှစ်ကထက် ၁၇ ရာခိုင်နှုန်းမြင့်တက်လာခဲ့တာဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ လူမှုကွန်ရက်ကြီးရဲ့ အသုံးပြုသူ အင်အားဟာ အခြားသော အလားတူကုမ္ပဏီတွေနဲ့ ယှဉ်ရင် များစွာကြီးမားနေလျက်ရှိနေပြီဖြစ်ပါတယ်။

အခြားသော လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ Twitter က ယင်းရဲ့လစဉ်အသုံးပြုသူဦးရေ ၃၂၈ သန်း ရှိနေပြီလို့ ပြီးခဲ့တဲ့ ဧပြီလက ထုတ်ပြန်ခဲ့သလို Snapchat ကလည်း မတ်လ ၃၁ ရက်ကုန်ဆုံးခဲ့တဲ့ ပထမသုံးလပတ်အတွင်း နေ့စဉ်အသုံးပြုသူ ၁၆၆ သန်းရှိခဲ့တယ်လို့ ထုတ်ဖော်ထားခဲ့ပါတယ်။

Facebook အနေနဲ့ကတော့ ယင်းရဲ့လက်ရှိကြီးမားတဲ့ အသုံးပြုသူအင်အားကို ပိုတိုးအောင် ကြံဆလုပ်ဆောင်နေလျက်ရှိပြီး အထူးသဖြင့် ယင်းရဲ့ဝန်ဆောင်မှု ထိုးဖောက်ဝင်ရောက်နိုင်မှု အားနည်းပါးနေသေးလျက်ရှိတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို အဓိကအလေးထားလုပ်ဆောင်လျက်ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly