ဆန်းချက်ဇ်နှင့်အိုဇေးလ်တို့ကို လစာငွေ ၂၀ ရာခိုင်နှုန်း တိုးမြှင့်ပေးပြီး စာချုပ်သစ်ချုပ်ရန် အာဆင်နယ်ကမ်းလှမ်း

ဆန်းချက်ဇ်နှင့်အိုဇေးလ်တို့ကို လစာငွေ ၂၀ ရာခိုင်နှုန်း တိုးမြှင့်ပေးပြီး စာချုပ်သစ်ချုပ်ရန် အာဆင်နယ်ကမ်းလှမ်း

ဇွန် ၂၈၊ အင်္ဂလန် ။               ။ အာဆင်နယ်အသင်းသည် လာမည့်ရာသီသစ်တွင် ချန်ပီယံလိဂ်ဝင်ခွင့်ပြန်လည်ရရှိရန်အတွက် အသင်း၏အဓိက ကစားသမားများဖြစ်သော ဆန်းချက်ဇ်နှင့်အိုဇေးလ်တို့ကို လစာငွေ ၂၀ ရာခိုင်နှုန်းတိုးပေးကာ စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းလိုက်သည်။

လစာငွေ ၂၀ ရာခိုင်နှုန်း တိုးမြှင့်ပေးလိုက်သည့်အတွက် ဆန်းချက်ဇ်နှင့်အိုဇေးလ်တို့သည် တစ်ပတ်လုပ်ခလစာငွေ ပေါင်သုံးသိန်း ရရှိမည် ဖြစ်သည်။ ဆန်းချက်ဇ်နှင့်အိုဇေးလ်တို့ နှစ်ဦးစလုံးသည် တစ်နှစ်စီသာ စာချုပ်သက်တမ်းကျန်ရှိတော့ပြီး တစ်ပတ်လစာငွေ ပေါင် ၂၅၀,၀၀၀ ဖြင့် နောက်ဆုံးကမ်းလှမ်းထားမှုကို ငြင်းပယ်ခဲ့ကြသည်။

ဆန်းချက်ဇ်နှင့်အိုဇေးလ်တို့အနေဖြင့် ယခုကမ်းလှမ်းမှုကို သဘောတူညီခဲ့ပါက အာဆင်နယ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်ပြန်ရရန် အကူအညီပေးရမည်ဖြစ်သည်။ ချန်ပီယံလိဂ်ဝင်ခွင့်ပြန်ရခဲ့လျှင် အပိုဆုကြေးငွေ ရရှိဦးမည် ဖြစ်သည်။

အာဆင်နယ်အသင်းသည် ကွင်းလယ်ကစားသမား ချိန်ဘာလိန်ကိုလည်း စာချုပ်သက်တမ်းတိုးနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ အာဆင်နယ်အသင်းကို အာစင်ဝင်းဂါးကိုင်တွင်ခဲ့သည့် နှစ် ၂၀ တွင် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်နှင့် လွဲချော်ခဲ့ရခြင်း ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required