မိုးအဆက်မပြတ်ရွာသွန်း၍ တာချီလိတ် - တာလေ သွားလမ်း ဧဒင်ကျေးရွာအနီး၌ ပျက်စီးမှုဖြစ်ပွား

မိုးအဆက်မပြတ်ရွာသွန်း၍ တာချီလိတ် - တာလေ သွားလမ်း ဧဒင်ကျေးရွာအနီး၌ ပျက်စီးမှုဖြစ်ပွား

သြဂုတ်  ၄ ရက် ။       ။ တာချီလိတ်မြို့တွင်   သြဂုတ်  ၃ ရက်နေ့ည နှင့် သြဂုတ် ၄  ရက်၊ နံနက်ပိုင်းက  မိုးအဆက် မပြတ် ရွာသွန်း သဖြင့် တောင်ကျရေများပြားမှုကြောင့်  မယ်ဆိုင်ချောင်းရေလျှံမှုမှတဆင့် အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ပုန်းထွန်၊  တာလော့၊ မကာဟိုခမ်း ရပ်ကွက်များနှင့် ဆန်ဆိုင်း (ခ) ရပ်ကွက်များတွင် ချောင်းရေဝင်ရောက်ခဲ့ပြီး၊ ညနေ ၃ နာရီ ဝန်းကျင်တွင် ရေပြန်ကျသွားသည်။

တာချီလိတ်မြို့နယ်ရှိ  တာချီလိတ်-ကျိုင်းတုံသွားလမ်း၊ တာချီလိတ်- တာလေ လမ်းအပိုင်းရှိ ကီလို တိုင် (၁၃၉) နှင့် (၁၄၀) ကြားမှ အေဒင်ရွာအနီး၌  လမ်းမကြီးအောက် ရေတိုက်စားမှုမှတဆင့် လမ်းပျက်စီး ခဲ့သည်။

လမ်းမကြီး ပျက်စီးသွားသည့်အတွက် မော်တော်ယာဉ်များသည် ပတ်လမ်းဖြစ်သည့် စက်မှုဇုံလမ်း၊ ဦးထွန်းအောင် တံတားဘက်မှတဆင့် သွားလာလျက်ရှိပြီး၊ လမ်းမကြီးပြန်လည်သွား လာနိုင်ရေး အတွက်ပြုပြင်ဆောင်ရွက်နေသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly