ဆီးဂိမ်းစ်အကြို လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ KBZ Bank Cup 2017 စတင်မည်

ဆီးဂိမ်းစ်အကြို လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ KBZ Bank Cup 2017 စတင်မည်
ဓာတ်ပုံ-MFF

ဇွန် ၂၇ ။          ။ လာမည့် ဇွန်လ ၂၈ ရက်နေ့တွင် ဆီးဂိမ်းစ်အကြို လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ KBZ Bank Cup 2017 ပြိုင်ပွဲ  စတင်ကျင်းပတော့မည်ဖြစ်ပြီး မြန်မာ ယူ၂၂ အသင်းမှ အိမ်ရှင်အဖြစ် ကမ္ဘောဒီးယား၊ ဟောင်ကောင်နှင့် ဂျပန် တက္ကသိုလ်များအတူ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဇွန်လ ၂၈ ရက်တွင် သုဝဏ္ဏကွင်း၌ ပွဲစဉ် ၂ ပွဲ ကစားမည်ဖြစ်ပြီး ညနေ(၃း၀၀)နာရီတွင် ပထမ ပွဲစဉ်အဖြစ် ဟောင်ကောင် ယူ၂၂ အသင်း နှင့် ဂျပန် တက္ကသိုလ်များ လက်ရွေးစင်အသင်း ၊ ဒုတိယပွဲစဉ်အဖြစ် အိမ်ရှင် မြန်မာ ယူ၂၂ အသင်းနှင့် ကမ္ဘောဒီးယား ယူ၂၂ အသင်းတို့ ပွဲစဉ်မှာ ် ညနေ(၆း၀၀)နာရီတွင် ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။

မြန်မာ ယူ၂၂ အသင်းပွဲစဉ်များအနေဖြင့် ဇွန်လ ၂၈ ရက်နေ့ - မြန်မာ နှင့် ကမ္ဘောဒီးယား၊ ဇွန်လ ၃၀ ရက်နေ့ - မြန်မာ နှင့် ဟောင်ကောင်၊ ဇူလိုင်လ ၂ ရက်နေ့ - မြန်မာနှင့် ဂျပန် တက္ကသိုလ်များ အသီးသီး ကစားကြမည် ဖြစ်သည်။

အဆိုပါပွဲများအတွက် ဇွန်လ ၂၅ ရက်မှစတင်ပြီး ပွဲစဉ်များအတွက် ရိုးရိုးတန်း ၁၀၀၀ ကျပ်၊ ၂၀၀၀ ကျပ်၊ အထူးတန်း ၃၀၀၀ ကျပ်ဖြင့် လှည်းတန်းစင်တာ၊ အောင်ဆန်းကွင်း၊ သုဝဏ္ဏကွင်းတို့တွင် ရောင်းချပေးနေသည်။

ပွဲစဉ်များအား Official Host Broadcaster အဖြစ် For Sports Channel မှ တိုက်ရိုက် ထုတ်လွှင့်ပြသ သွားမည် ဖြစ်ပြီး Pyone Play Facebook Page Pyone Play မှလည်း ပြသသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly