မြောက်ကိုရီးယားက ဒေါ်နယ်ထရမ့်ကို ဟစ်တလာနှင့် ခိုင်းနှိုင်း

မြောက်ကိုရီးယားက ဒေါ်နယ်ထရမ့်ကို ဟစ်တလာနှင့် ခိုင်းနှိုင်း

ဇွန် ၂၇  ။               ။ နိုင်ငံတွေအကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာပဲ မြောက်ကိုရီးယားက အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို ဂျာမန်နာဇီခေါင်းဆောင် အဒေ့ါဖ် ဟစ်တလာ လိုပဲလို့ဆိုပြီး ခိုင်းနှိုင်း ပုတ်ခတ်လိုက်ပါတယ်။

အိမ်နီးချင်းတောင်ကိုရီးယားရဲ့ သမ္မတသစ် ဝါရှင်တန်ခရီးစဉ် သွားရောက်ဖို့ရှိနေပြီး ပြုံယမ်းအစိုးရရဲ့ လက်ရှိ စစ်ရေးရည်မှန်းချက်တွေနဲ့ပတ်သက်လို့ တင်းမာမှုတွေမြင့်တက်နေချိန်မှာပဲ ယခုလို မြောက်ကိုရီးယားတို့ဘက်က အမေရိကန်သမ္မတကို ပုတ်ခတ်ပြောဆိုလိုက်တာဖြစ်ပါတယ်။

လက်ရှိ ထရမ့်အစိုးရလက်ထက်မှာ ကျင့်သုံးနေတဲ့ "America First" မူဝါဒဟာလည်း ၂၁ ရာစုရဲ့ နာဇီဝါဒ ဖြစ်တယ်ဆိုပြီး မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းအေဂျင်စီ KCNA က ထုတ်ပြန်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း မြောက်ကိုရီးယားမှာ အကျဉ်းကျခံခဲ့ရပြီး ပြန်လွတ်လာတဲ့ အမေရိကန်ကျောင်းသား   အော်တိုဝမ်ဘီယာ နိုင်ငံကိုပြန်ရောက်ချိန်မှာ သေဆုံးသွားခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ နှစ်နိုင်ငံအကြား တင်းမာမှုတွေမြင့်တက်နေလျက်ရှိပါတယ်။

မြောက်ကိုရီးယားတို့အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဒေါ်နယ်ထရမ့်ကို စိတ်ဖောက်ပြန်နေသူဆိုပြီး သမုတ်ခဲ့သေးသလို ယခုအခါမှာလည်း နောက်ထပ် တိုက်ခိုက်ပြောဆိုမှုတစ်ခုကို ထပ်မံ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

" ထရမ့်က ဟစ်တလာရဲ့ အာဏာရှင်အုပ်ချုပ်မှုပုံစံအတိုင်း လိုက်လုပ်နေပါတယ်၊ အခြားသူတွေကို အုပ်စုနှစ်စုကွဲအောင်ပေါ့" လု့ိ KCNA  က ထုတ်ပြန်သွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required