“Real” ဇာတ်ကားတွင် ဧည့်သည်သရုပ်ဆောင်အဖြစ် ပါ၀င်ပေးခဲ့ကြသော IU နှင့်ဆူဇီကို ကင်မ်ဆိုးဟွမ်း ကျေးဇူးတင်

“Real” ဇာတ်ကားတွင် ဧည့်သည်သရုပ်ဆောင်အဖြစ် ပါ၀င်ပေးခဲ့ကြသော IU နှင့်ဆူဇီကို ကင်မ်ဆိုးဟွမ်း ကျေးဇူးတင်

မင်းသားကင်မ်ဆိုဟွမ်းသည် အဆိုတော်နှင့် မင်းသမီးများဖြစ်ကြသော IU ၊ ဆူဇီတို့နှင့် သူ၏ ကြားတွင်ရှိသော ခိုင်မာသည့် ရင်းနှီးမှုကို ထပ်မံ၍ ထုတ်ဖော်ပြောကြားခဲ့သည်။

မကြာသေးခင်က ပြုလုပ်ခဲ့သောအင်တာဗျူး၌ ကင်မ်ဆိုးဟွမ်းက ထွက်ရှိလာတော့မည့် သူ၏ဇာတ်ကားသစ် Real တွင် ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ပေးခဲ့ကြသော IU နှင့် ဆူဇီတို့ကို အထူးကျေးဇူးတင်ကြောင်း ပြောခဲ့သည်။

“အစတုန်းက သူတို့ကို ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ပေးနိုင်မလားလို့ အကြမ်းဖျင်းမေးခဲ့ပါတယ်။ ကျွန်တော့်ဘက်က အချိန်တိတိကျကျကို ပြောနိုင်တဲ့အချိန်မှာ သူတို့ဘက်ကလည်း ကူညီဖို့အဆင်သင့်ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တကယ့်ကို ကျေးဇူးတင်ပါတယ်” ဟု သူက ပြောခဲ့သည်။

“ဆူဇီပါဝင်ရတဲ့ အခန်းဆိုရင် သူမကိုယ်ပေါ်မှာ ယာယီတက်တူးထိုးဖို့အတွက် မိတ်ကပ်လိမ်းဖို့လိုတာကြောင့် ရိုက်ကွင်းကို ၆နာရီလောက် စောစောလာရပါတယ်။ သူမရဲ့ဇာတ်ဝင်ခန်းကို ရိုက်ကူးပြီးတဲ့အခါမှာ သူကျွန်တော်ဆီ လာပြီးတော့ မေးပါတယ်။ ‘နင်ငါ့ကို ဒီလိုမျိုးလုပ်ရမယ်လို့ စောစောတုန်းက ဘာလို့မပြောတာလဲ’ တဲ့။ ကျွန်တော် သူ့အတွက် စိတ်မကောင်းဖြစ်သွားပါတယ်။ ပြီးတော့ သူ့ကို တကယ့်ကို ကျေးဇူးတင်ပါတယ်” ဟု ကင်မ်ဆိုးဟွမ်း က ထပ်လောင်းပြောကြားခဲ့သည်။

 ကင်မ်ဆိုးဟွမ်း၏ ရုပ်ရှင်ဇာတ်ကားသစ် Real ကို ဇွန်လ ၂၈ရက်နေ့တွင် ရုံတင်ပြသသွားမည်ဖြစ်သည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required