ချယ်လ်ဆီးတိုက်စစ်မှူး ထရာအိုရေး ယူရို ၁၀သန်းဖြင့် လိုင်ယွန်သို့ ပြောင်းရွှေ့

ချယ်လ်ဆီးတိုက်စစ်မှူး ထရာအိုရေး ယူရို ၁၀သန်းဖြင့် လိုင်ယွန်သို့ ပြောင်းရွှေ့

ဇွန် ၂၇၊ လန်ဒန် ။             ။ ချယ်လ်ဆီးတိုက်စစ်မှူး ထရာအိုရေးမှာ ချယ်လ်ဆီးအသင်းမှ ပြင်သစ်လီဂူးကလပ် လိုင်ယွန်အသင်းထံသို့ ယူရို ၁၀သန်းဖြင့် အပြီးသတ်ပြောင်းရွှေ့ခဲ့သည်။

အသက် ၂၁နှစ်အရွယ် ဘာကီနာဖာဆိုတိုက်စစ်မှူးမှာ အေဂျက်ဇ်အသင်းထံတွင် တစ်ရာသီအငှားဖြင့်သွားရောက်ကစားခဲ့ပြီးနောက် လိုင်ယွန်သို့ ငါးနှစ်စာချုပ်ဖြင့် ပြောင်းခဲ့ခြင်းဖြစ်သည်။ ထရာအိုရေးမှာ ၂၀၁၆ဘောလုံးရာသီ နည်းပြ မော်ရင်ဟိုလက်ထက်က ချယ်လ်ဆီးအသင်းအတွက် ၁၆ပွဲ ပွဲထွက်ခွင့်ရခဲ့ပြီး လေးဂိုးသွင်းယူနိုင်ခဲ့သည်။ ထရာအိုရေးမှာ ပြီးခဲ့သည့်ဘောလုံးရာသီက အေဂျက်ဇ်အသင်းအတွက် ၃၅ပွဲကစားခဲ့ပြီး ၁၃ဂိုးသွင်းယူနိုင်ခဲ့သည်။

ချယ်လ်ဆီးအသင်းမှာ အပြောင်းအရွှေ့ဈေးကွက်အတွင်း အဓိကကစားသမားတစ်ဦးဖြစ်သော မာတစ်ကို မန်ယူအသင်းထံသို့ပြောင်းရွှေ့ခွင့်ပြုခဲ့သလို ဒီယေဂိုကော်စတာ၊ ဟာဇက်တို့လည်း အသင်းမှထွက်ခွာမည်ဟု သတင်းများထွက်ပေါ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly