ဂျရူးနှင့်ဝဲလ်ကော့ကို ခေါ်ယူနိုင်ရန် ဝက်စ်ဟမ်းအသင်း ပစ်မှတ်ထားနေ

ဂျရူးနှင့်ဝဲလ်ကော့ကို ခေါ်ယူနိုင်ရန် ဝက်စ်ဟမ်းအသင်း ပစ်မှတ်ထားနေ

ဇွန် ၂၇၊ လန်ဒန်။         ။ ဝက်စ်ဟမ်းယူနိုက်တက်အသင်းသည် အာဆင်နယ်တိုက်စစ်အတွဲဖြစ်သော ဂျရူးနှင့် ဝဲလ်ကော့တို့ကို အသင်းသို့ ခေါ်ယူနိုင်ရန် ပစ်မှတ်ထားနေသည်။

အာဆင်နယ်အသင်းမှ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဂျရူးမှာ ဆန်းချက်ဇ်အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် နီးစပ်လာပြီးနောက် ထွက်ခွာမည်ဟု သတင်းထွက်နေသည်။

ဂျရူး၏ပြောင်းရွှေ့ကြေးမှာ ပေါင်သန်း ၂၀ခန့်ရှိနိုင်ပြီး ဝက်စ်ဟမ်းအသင်းမှ တစ်ပတ်လုပ်ခပေါင်တစ်သိန်း၊ လေးနှစ်စာချုပ်ဖြင့် ကမ်းလှမ်းဖွယ်ရှိနေသည်။ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ဝဲလ်ကော့မှာ ပြီးခဲ့သည့်ဘောလုံးရာသီက ပွဲထွက်ခွင့်ဆုံးရှုံးခဲ့သည့်အတွက် အာဆင်နယ်အသင်းမှ ထွက်ခွာရန် ဆန္ဒရှိနေသည်။

အာဆင်နယ်အသင်းသည် ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးပြီးနောက် အသင်း၏အဓိက ကစားသမားများဖြစ်သော အိုဇေးလ်၊ ဆန်းချက်ဇ်၊ ဘယ်လာရင်တို့ အသင်းမှထွက်ခွာမည့် ပြဿနာနှင့်ရင်ဆိုင်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required