ဒေါ်နယ်ထရမ့်ရဲ့ အငြင်းပွားဖွယ် ခရီးသွားပိတ်ပင်ချက် တစ်စိတ်တစ်ပိုင်း အသက်သွင်းဖို့ တရားလွှတ်တော်ချုပ် ဆုံးဖြတ်

ဒေါ်နယ်ထရမ့်ရဲ့ အငြင်းပွားဖွယ် ခရီးသွားပိတ်ပင်ချက် တစ်စိတ်တစ်ပိုင်း အသက်သွင်းဖို့ တရားလွှတ်တော်ချုပ် ဆုံးဖြတ်

ဇွန် ၂၇ ။             ။ မွတ်ဆလင်အဓိကနိုင်ငံတစ်ချို့က  နိုင်ငံသားတွေ အမေရိကန်ကိုလာရောက်ခွင့်ပိတ်ပင်မယ့် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အငြင်းပွားဖွယ် ခရီးသွားပိတ်ပင်ချက်တစ်ရပ်ကို ယခုအခါ တစ်စိတ်တစ်ပိုင်းအဖြစ် ပြန်လည်အသက်သွင်းကျင့်သုံးဖို့ တရားလွှတ်တော်ချုပ်က ဇွန်လ ၂၇ ရက်မှာ ဆုံးဖြတ်ပေးလိုက်ပါတယ်။

ထရမ့်အနေနဲ့ အဆိုပါ ပိတ်ပင်ချက်ကိုထုတ်ပြန်ထားခဲ့ပြီး အောက်တရားရုံးတွေရဲ့ ပိတ်ပင်မှုတွေနဲ့ ရင်ဆိုင်နေခဲ့ရပြီးမှ ယခုအခါမှာတော့ တရားလွှတ်တော်ချုပ်ရဲ့ ဆုံးဖြတ်ချက်နဲ့အတူ   နောက်တစ်ဆင့် တက်ရောက်နိုင်မယ့် အောင်ပွဲတစ်ခုကို ရရှိလိုက်တာလည်း ဖြစ်ပါတယ်။

အဆိုပါ ခရီးသွားပိတ်ပင်ချက်ကို လာမယ့် အောက်တိုဘာလကျမှ အပြည့်အ၀ စစ်ဆေးဆုံးဖြတ်မယ်လို့ တရားလွှတ်တော်ချုပ်က ပြောပါတယ်။

ဒါပေမယ့်လည်း ယင်းမတိုင်ခင် လက်ရှိကာလမှာတော့ ယင်းပိတ်ပင်ချက်ကို တစ်စိတ်တစ်ပိုင်း အဖြစ် အသက်ဝင်ကျင့်သုံးစေမယ်လို့ ဆိုပါတယ်။ ယင်းတစ်စိတ်တစ်ပိုင်းကျင့်သုံးမှုမှာတော့ အမေရိကန်က ပြည်သူတစ်ဦး ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုနဲ့ အစဉ်အလာ ဆက်ဆံမှုမျိုး မရှိတဲ့ နိုင်ငံတွေက ခရီးသွားတွေအပေါ်မှာတော့ ချက်ချင်းပိတ်ပင်အသက်ဝင်စေမယ်လို့ ဆိုလိုက်တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ နိုင်ငံနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ချိတ်ဆက်မှုတွေ ရှိနေသူ အခြားနိုင်ငံသားတွေအပေါ်မှာတော့ ယင်းပိတ်ပင်ချက်ကို ကျင့်သုံးဦးမှာမဟုတ်ကြောင်း တရားလွှတ်တော်ချုပ်က ထုတ်ပြန်ပါတယ်။

ထရမ့်အနေနဲ့ အဆိုပါအငြင်းပွားဖွယ်ရာ ခရီးသွားပိတ်ပင်ချက်နဲ့ပတ်သက်လို့ အောက်တရားရုံးနှစ်ခုမှာ အရှုံးနဲ့ပဲ ရင်ဆိုင်ထားခဲ့ရတာဖြစ်ပေမယ့် ယခုအခါမှာတော့ တရားလွှတ်တော်ချုပ်ရဲ့ ဆုံးဖြတ်ချက်ကြောင့် အောင်ပွဲတစ်ခုကို ရရှိခဲ့ပြီဖြစ်ပါတယ်။

" အကြမ်းဖက်မှုတွေနဲ့ ဆက်နွယ်နေတဲ့ နိုင်ငံခြောက်နိုင်ငံအပေါ် ခရီးသွားပိတ်ပင်မှု ကျင့်သုံးခွင့်ရပါပြီ၊ ဒုက္ခသည်တွေ ဝင်ရောက်ခွင့်ဆိုင်းငံ့မယ့်အစီအစဉ်ကိုလည် ပိုပြီးကျယ်ကျယ်ပြန့်ပြန့် အသက်ဝင်စေခဲ့ပါတယ်၊ ကျွန်တော့်အနေနဲ့ကတော့ ကျွန်တော်တို့နိုင်ငံသားတွေကို ထိခိုက်နာကျင်စေမယ့် နိုင်ငံတွေက နိုင်ငံသားတွေကို ဝင်ခွင့်မပြုနိုင်ပါဘူး" လို့ ထရမ့်က တရားလွှတ်တော်ချုပ် ဆုံးဖြတ်ချက်ထွက်ပေါ်အပြီးမှာ ပြောဆိုသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required