တိုင်းမ်မဂ္ဂဇင်းမှထုတ်ပြန်သော အင်တာနက်ပေါ်၌ လွှမ်းမိုးမှုအရှိဆုံး လူပုဂ္ဂိုလ် ၂၅ဦးစာရင်းထဲ၌ BTS အဖွဲ့ပါ၀င်

တိုင်းမ်မဂ္ဂဇင်းမှထုတ်ပြန်သော အင်တာနက်ပေါ်၌ လွှမ်းမိုးမှုအရှိဆုံး လူပုဂ္ဂိုလ် ၂၅ဦးစာရင်းထဲ၌ BTS အဖွဲ့ပါ၀င်

တောင်ကိုရီးယားဂီတအဖွဲ့ BTS သည် လူမှုမီဒီယာများပေါ်မှ ကြီးမားသော သူတို့၏ အောင်မြင်မှုပုံရိပ်ကြောင့် တိုင်းမ်မဂ္ဂဇင်းမှ ထုတ်ပြန်သော အင်တာနက်ပေါ်၌ လွှမ်းမိုးမှုအရှိဆုံး လူပုဂ္ဂိုလ် ၂၅ဦး စာရင်းထဲ၌ ပါဝင်ခဲ့သည်။

ဇွန်လ ၂၇ရက်နေ့တွင် တိုင်းမ်မဂ္ဂဇင်းသည် နှစ်စဉ်ပြုလုပ်နေကျဖြစ်သော အဆိုပါစာရင်းကို ထုတ်ပြန်ခဲ့ပြီး လူမှုမီဒီယာများပေါ်၌ ကမ္ဘာတစ်ဝှမ်းလွှမ်းမိုးမှုအရှိဆုံးနှင့် သတင်းရေးသားခံရမှုအများဆုံး နာမည်ကျော်များကို စုဆောင်းကာ အချက်အလက်များကို ကြည့်ရှု၍ စာရင်းပြုစုခဲ့ကြောင်းသိရသည်။

BTS သည် အဆိုပါ လွှမ်းမိုးမှုအရှိဆုံးစာရင်းထဲ၌ ဒေါ်နယ်ထရမ့်၊ ကင်မ်ကာဒါရှန်း၊ ကေတီပယ်ရီ၊ ရီဟားနား၊ ဂျေကေရိုးလင်းတို့နှင့်အတူ ပါဝင်ခဲ့ခြင်းဖြစ်သည်။

တိုင်းမ်မဂ္ဂဇင်း၏အဆိုအရ BTS အဖွဲ့သည် Billboard ၏ Social 50 ဇယား၌ ရက်သတ္တပတ်များစွာကြာ ထိပ်ဆုံးမှဦးဆောင်နိုင်မှု၊ Billboard အကောင်းဆုံးအယ်လ်ဘမ် ၂၀၀ ဇယား၌ အောင်မြင်မှုနှင့် Billboard ဂီတဆုပေးပွဲ၌ Top Social Artist ဆုတို့ကို ဆွတ်ခူးနိုင်မှုတို့ကြောင့် စာရင်းထဲ၌ ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လောလောဆယ်တွင် BTS အဖွဲ့သည် ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ပြုလုပ်နေပြီး ဂျပန်၌ တစ်ထောက်နားနေသည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required