ဗင်နီဇွဲလားတွင် အစိုးရဆန့်ကျင်ဆန္ဒပြသူများက လမ်းမများစွာကို ပိတ်ဆို့

ဗင်နီဇွဲလားတွင် အစိုးရဆန့်ကျင်ဆန္ဒပြသူများက လမ်းမများစွာကို ပိတ်ဆို့

ကရာကတ်စ်၊ ဇွန် ၂၇ ။         ။ ဗင်နီဇွဲလားနိုင်ငံအတွင်း အစိုးရ၏ ဖွဲ့စည်းပုံ ပြန်လည်ရေးဆွဲရေး လုပ်ငန်းစဉ်ကို လက်မခံသည့် ဆန္ဒပြသူများက ကရာကတ်စ်မြို့တွင်း လမ်းပေါင်း ဒါဇင်များစွာကို ဇွန် ၂၆ ရက်က ပိတ်ဆို့ခဲ့ကြသည်။

သမ္မတ မာဒူရိုအား ဆန့်ကျင်သူ ရာပေါင်းများစွာက ယင်းနေ့ နေ့လည်ပိုင်းတွင် ကရာကတ်စ်မြို့က လမ်းများတွင် နေရာယူကာ အလံများ၊ ဆောင်ပုဒ်များ ထောင်ကာ လမ်းများ ပိတ်ဆို့ထားသည်မှာ ညနေ လေးနာရီအထိ တိုင်အောင်ဖြစ်သည်။

အစိုးရ ဆန့်ကျင်သော MUD အဖွဲ့က ကရာကတ်စ်မြို့ စည်ပင်နယ်မြေ ငါးခုမှ နေရာအချို့နှင့် နိုင်ငံ၏ ပြည်နယ် ၂၃ ခုမှ အနည်းဆုံး ဆယ်ခုတွင် ဖြစ်ပွားနေသည့် အတိုက်အခံများကို ထောက်ခံသည့်သူများ စုရုံးဆန္ဒပြမှုများကို လူမှုမီဒီယာများတွင် ဖြန့်ချိခဲ့သည်။

တစ်ချို့သော ဆန္ဒပြမှုများတွင် ဗင်နီဇွဲလား၏ စစ်ဖက်ရဲတပ်ဖွဲ့ ဘိုလီဗာရီးယန်း အမျိုးသား အစောင့်တပ်နှင့် ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားသည်။

လုံခြုံရေးတပ်များက ဆန္ဒပြသူများကို လူစုကွဲအောင် မျက်ရည်ယိုဗုံးများသုံး နှိမ်နင်းသော်လည်း ၎င်းတို့က ခဏသာ လူကွဲပြီး နောက်ပိုင်းတွင် လူြုပန်စုသည်။

ဖွဲ့စည်းပုံသစ် ဥပဒေကြမ်းရေးဆွဲရေးအတွက် လွှတ်တော်အမတ်များ မဲခွဲပြီးနောက် အမျိုးသားဖွဲ့စည်းပုံ ခုံရုံးလွှတ်တော်က ဇူလိုင် ၃၀ တွင် ထုတ်ပြန်မည်ဖြစ်သည်။

အစိုးရ၏ ဖွဲ့စည်းပုံသစ်ရေးဆွဲခြင်းကို အတိုက်အခံများက ယုံကြည်ဖွယ် မရှိဟု ကန့်ကွက်လျက် ဧပြီ ၁ ရက်က စတင်ကာ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကို ထောက်ခံသူများအား ဆန္ဒပြပွဲများ ဆက်လက်ဆင်နွှဲသွားရန်ကိုလည်း တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags