ဖရန့်ဒီဘိုးဝါးကို (၃)နှစ်စာချုပ်ဖြင့် ပဲလေ့စ်အသင်း နည်းပြသစ်အဖြစ် ခန့်အပ်

ဖရန့်ဒီဘိုးဝါးကို (၃)နှစ်စာချုပ်ဖြင့် ပဲလေ့စ်အသင်း နည်းပြသစ်အဖြစ် ခန့်အပ်
(ဓာတ်ပုံ - အီးပီအေ)

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ အင်တာမီလန်နည်းပြဟောင်း ဖရန့်ဒီဘိုးဝါးကို နည်းပြသစ်အဖြစ် ၂၀၂၀ အထိရှိမယ့် (၃)နှစ် စာချုပ်နဲ့ ခန့်အပ်လိုက်ကြောင်း တနင်္လာနေ့က ကြေညာခဲ့ပါတယ်။

ယခင် ဘာစီလိုနာ၊ အေဂျက်နှင့် ဂါလာတာစရေးတို့ရဲ့ ကစားသမားဟောင်း အသက် ၄၇ နှစ်အရွယ်ရှိ ဒတ်ချ်လူမျိုးနည်းပြဟာ ပြီးခဲ့တဲ့ရာသီကုန်က ပဲလေ့စ်နဲ့ လမ်းခွဲသွားတဲ့ ဆမ်အလာဒိုက်စ်နေရာကို အစားထိုးဝင်ရောက်လာသူဖြစ်ပါတယ်။

ဖရန့်ဒီဘိုဝါးဟာ အေဂျက်အသင်းကို (၅)ရာသီ ကိုင်တွယ်ခဲ့စဉ်က အမှတ်ပေးဖလား (၄)ကြိမ်ရရှိယူပြီး အောင်မြင်မှုများစွာ ရရှိခဲ့ပေမယ့် အင်တာမီလန်အသင်းကိုမူ (၈၅)ရက်သာ ကိုင်တွယ်ခဲ့ရကာ ရာထူးမှ ထုတ်ပယ်ခံရပါတယ်။

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ၂၀၁၆-၁၇ ရာသီ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ၁၄ နေရာမှာ ရပ်တည်ခဲ့ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required