ကာတာက စစ်ရေးအရှိန်မြှင့်နေဟု ဘာရိန်း စွပ်စွဲ

ကာတာက စစ်ရေးအရှိန်မြှင့်နေဟု ဘာရိန်း စွပ်စွဲ

ဒိုဟာ၊ ဇွန် ၂၆ ။          ။ ဘာရိန်း နိုင်ငံခြားရေးဝန်ကြီးက ကာတာနိုင်ငံသည် စစ်ရေးအရှိန်မြှင့်နေသည်ဟု ဇွန် ၂၆ ရက်တွင် စွပ်စွဲပြောဆိုသည်။

ကာတာနိုင်ငံ၏ ၎င်း၏ ပိုင်နက်အတွင်း တူရကီတပ်ဖွဲ့များကို ခွင့်ပြုထားခြင်းအား ရည်ညွန်းပြောဆိုလိုက်ဟန်ရှိသည်။

"ကာတာနဲ့ သဘောထားမသက်ဆိုင်ခဲ့တာ မှန်သမျှက နိုင်ငံရေးနဲ့ လုံခြုံရေးအငြင်းပွားမှုတွေပဲ ဖြစ်တယ်။ စစ်ရေးနွယ်စပ်တာ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ ဒါပေမယ့် ကာတာမှာ သံချပ်ကာယာဉ်တွေနဲ့အတူ နိုင်ငံခြားတပ်တွေ ဖြန့်ကြက်နေခြင်းဟာ စစ်ရေးအရှိန်မြှင့်နေတာပဲ။ ကာတာနိုင်ငံအနေနဲ့ ဒါရဲ့အကျိုးဆက်ကို တာဝန်ယူရလိမ့်မယ်။"ဟု ဘာရိန်းနိုင်ငံခြားရေးဝန်ကြီး ရှိတ်ခါလစ်ဘင်အာမတ်က ဆိုသည်။

ဇွန် ၅ ရက်နေ့က ဆော်ဒီအာရေဗျ၊ ယူအေအီးနှင့် ဘာရိန်းတို့အပါအဝင် အာရပ်နိုင်ငံအချို့က အစွန်းရောက်အုပ်စုများကို ထောက်ပံ့သည်ဆိုကာ ကာတာနှင့် ဆက်ဆံမှုအားလုံး ရပ်ဆိုင်းပစ်ခဲ့သည်။

ကာတာနိုင်ငံကမူ ယင်းနိုင်ငံများ၏ စွပ်စွဲမှုအား ငြင်းဆန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required