မွန်ဂိုလီးယားတွင် သမ္မတရွေးကောက်ပွဲများ စတင်ကျင်းပ

မွန်ဂိုလီးယားတွင် သမ္မတရွေးကောက်ပွဲများ စတင်ကျင်းပ

ဇွန် ၂၆ ။            ။ စီးပွားရေး၊ အကျင့်ပျက်ခြစားမှု စသည်တို့အပေါ် ပြည်သူများ စိုးရိမ်ပူပန်နေလျက်ရှိကြစဉ် မွန်ဂိုလီးယားနိုင်ငံ၏ သမ္မတရွေးကောက်ပွဲ မဲပေးမှုများကို ယနေ့ ဇွန်လ ၂၆ ရက်တွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။

နိုင်ငံစီးပွားရေးပြန်လည်နာလန်ထူစေမည့် အစိုးရသစ်၏ အစီအစဉ်များ ထွက်ပေါ်လာရေး ရည်ရွယ်သည့် လူထုဆန္ဒခံယူပွဲတစ်ခုအဖြစ်ရှုမြင်နိုင်သော ယင်းသမ္မတရွေးကောက်ပွဲများတွင် ပြည်သူအများ လာရောက်မဲပေးကြသကဲ့သို့ အချို့သောမဲဆန္ဒရှင်များကလည်း ယင်းရွေးကောက်ပွဲကိုကန့်ကွက်သည့်အနေဖြင့် မဲလက်မှတ်များတွင် အလွတ်ထားကာ ဆန္ဒပြခဲ့ကြသည်ဟုလည်း သိရသည်။

ယခု သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နေသည့် သမ္မတကိုယ်စားလှယ်လောင်း သုံးဦးစလုံးမှာလည်း ခြစားမှုအရှုပ်အရှင်းများနှင့် ကိုယ်စီရင်ဆိုင်နေကြရသူများဖြစ်ကြောင်း သိရသည်။

" ကျွန်မတကယ်ပဲ ဒီရွေးကောက်ပွဲမှာ ဝင်မဲပေးချင်ပါတယ်၊ ဒါပေမယ့် ခုသမ္မတလောင်း သုံးယောက်စလုံးထဲက ဘယ်သူ့ကိုမှ မဲမပေးချင်ပါဘူး" ဟု အသက် ၂၂ နှစ်အရွယ် ပြည်သူတစ်ဦးက ပြောသည်။

" နောက်ဆုံးကျရင်တော့ မဲလက်မှတ်တွေမှာ ဘာမှမရေးဘဲ အလွတ်ထားတဲ့သူများရင် နောက်ရွေးကောက်ပွဲထပ်ဖြစ်လာနိုင်ပါသေးတယ်" လို့လည်း ၎င်းက ပြောပါတယ်။

ယခု သမ္မတလောင်းရွေးကောက်ပွဲတွင် ကိုယ်စားလှယ်သုံးဦး ယှဉ်ပြိုင်မည်ြ့ဖစ်သော်လည်း  လက်ရှိ အာဏာရ ပါတီ MPP သမ္မတလောင်း မိုင်ယီဂွမ်ဘို အင်န်ဘိုး နှင့် အတိုက်အခံ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ် ခါမာ ဘက်တူဂါ တို့နှစ်ဦးသာ အဓိက ယှဉ်ပြိုင်ရမည်ဟု မဲပေးသူများက ယူဆနေကြသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required