Asia Model Festival 2017 ပွဲတွင် မြန်မာနိုင်ငံမှ ဆု အသီးသီး ရရှိ

Asia Model Festival 2017 ပွဲတွင် မြန်မာနိုင်ငံမှ ဆု အသီးသီး ရရှိ

ရန်ကုန် ၊ ဇွန် ၂၆ ။            ။ ကိုရီးယားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် Asia Model Festival 2017 ပွဲတွင် မြန်မာနိုင်ငံ မှ Asia Star Award ၊ Creator ဆု ၊ Visit Korea Year ဆု၊ Donganmiso Oriental Medical Center Sponsor ဆု စသည်တို့ကို ဆွတ်ခူး ရရှိခဲ့ကြသည်။

Asia Model Festival 2017 ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြရာတွင် အိန်ဂျယ်မိန်းနီ မှ Creator ဆုနှင့် Visit Korea Year ဆုလည်းကောင်း၊ ထက်ဦးထွဋ် မှ Donganmiso Oriental Medical Center Sponsor ဆု ရရှိခဲ့သလို သရုပ်ဆောင် နှင့် မော်ဒယ် ထွန်းကိုကိုမှလည်း မြန်မာနိုင်ငံကိုယ်စားပြု Asia Star award ကို ဆွတ်ခူးသည့်အတွက် ဆုတက်ရောက်ယူရန် Asia Model Festival 2017 ပွဲသို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

ကိုရီးယားနိုင်ငံတွင်ပြုလုပ်သည့် ထိုပြိုင်ပွဲကို မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံပေါင်း ၂၀ ပါဝင် ယှဉ်ပြိုင်ကြပြီး မြန်မာနိုင်ငံမှ ကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်မှာ ယခုနှစ်တွင် ၅ကြိမ်မြောက် ရှိခဲ့ပြီ ဖြစ်သည်။

Face of Myanmar 2017 - Road to Korea Grand Final  ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် မေလ ၁၄ရက်၌ ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး Mr.Face of Myanmar 2017 ထက်ဦးထွဋ်၊ Ms.Face of Myanmar 2017 ထက်ရတနာအောင်၊ Title Award များ အနေဖြင့်  Ms.Coreana 2017 မြတ်နိုးချစ် ၊ Ms.Mizon 2017 အိန်ဂျယ်မိန်းနီ ၊ Mr.Kerasys 2017 နေဦးခ၊ The Best Physique 2017 ထက်ဦးထွဋ်၊ The Best Physique 2017 မေမဉ္ဇူကို၊ The Best Costume 2017 ရဲမာန် ၊ The Best Costume 2017 မြတ်နိုးချစ် တို့မှ ဆုများ ရရှိခဲ့ကြသည်။

ထိုဆုရသူများထဲမှ ကိုရီးယားနိုင်ငံတွင် ကျင်းပခဲ့သည့် Asia Model Festival 2017 ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် Mr.Face of Myanmar 2017 ၊ Ms.Face of Myanmar 2017 ၊ Ms.Coreana 2017 Ms.Mizon 2017 ၊ Mr.Kerasys 2017 ဆု ရရှိသူများမှ သွားရောက်ယှဉ်ပြိုင်ကြခြင်း ဖြစ်သည်။

မော်ဒယ် သရုပ်ဆောင် ထွန်းကိုကိုသည် ၂၀၁၃ ခုနှစ်တွင် ကျင်းပသည့် Face Of Myanmar 2013 တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Mr. Face Of Myanmar 2013 ဆုကို ရရှိခဲ့ကာ ကိုရီးယားနိုင်ငံတွင် ကျင်းပသည့် Asia Model Festival သို့ သွားရောက် ယှဉ်ပြိုင်ခဲ့ရာမှ 2013 Asia Model Festival Face Of Asia ဆုကို မြန်မာနိုင်ငံကိုယ်စားပြု အဖြစ် ရရှိခဲ့သည်။  ယခုရရှိသည့်ဆုသည်   မော်ဒယ်သရုပ်ဆောင် ထွန်းကိုကို အတွက်  ဒုတိယအကြိမ်မြောက် ရရှိသည့် ဆု တစ်ဆုလည်း ဖြစ်သည်။

Asia Model Festival 2017 ပွဲကို ကိုရီးယားနိုင်ငံထိ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သွားရောက် ယှဉ်ပြိုင်ခဲ့သည့် Face of Myanmar Models များသည် ဇွန် ၂၅ရက်တွင် မြန်မာနိုင်ငံသို့ ဆုတွေ ဆွတ်ခူးပြီး ပြန်လည် ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly