ဒါဘီကွင်းလယ်လူ ဝီလ်ဟုချ်ကို ပေါင် ၈ သန်းဖြင့် ဝက်ဖို့ဒ်ခေါ်ယူ

ဒါဘီကွင်းလယ်လူ ဝီလ်ဟုချ်ကို ပေါင် ၈ သန်းဖြင့် ဝက်ဖို့ဒ်ခေါ်ယူ

ဇွန် ၂၆၊ ဝက်ဖို့ဒ်။           ။ ဝက်ဖို့ဒ်အသင်းသည် ဒါဘီကွင်းလယ်ကစားသမား ဝီလ်ဟုချ်ကို ပေါင် ၈ သန်း၊ ငါးနှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်သည်။ ဟုချ်သည် ဒါဘီအတွက် ချန်ပီယံရှစ် ၁၆၅ ပွဲကစားပေးထားသည်။

အသက် ၂၂ နှစ်အရွယ်ကစားသမားသည် လက်ရှိတွင် အင်္ဂလန်ယူ-၂၁ အသင်းနှင့်အတူ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲကစားရန် ပိုလန်နိုင်ငံသို့ရောက်နေပြီး အင်္ဂလန်သို့ပြန်ရောက်လျှင် ဝက်ဖို့ဒ်အသင်းနှင့်ပူးပေါင်းမည်ဖြစ်သည်။

မေ ၂၇ တွင် နည်းပြသစ်အဖြစ် မာကိုဆေးလ်ဗား ခန့်အပ်ခံရပြီးနောက် ပရီးမီးယားလိဂ်ကလပ်ဝက်ဖို့ဒ်က ပထမဆုံးခေါ်ယူသည့် ကစားသမားလည်းဖြစ်သည်။

ဆေးလ်ဗားသည် ပြီးခဲ့သည့်ရာသီနောက်ဆုံးပွဲမတိုင်မီအသင်းမှထွက်ခွာခဲ့သည့် အီတလီလူမျိုးနည်းပြ မက်ဇာရီ၏နေရာတွင် အစားထိုးခန့်အပ်ခံရသူဖြစ်သည်။ ဝက်ဖို့ဒ်အသင်းသည် ပြီးခဲ့သည့်ရာသီက အဆင့် ၁၇ နေရာသာရခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required